ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

မခွဲကြေး

ပာုတ်ပါတယ်......
ကိုယ်က ရက်စက်တက်သူပါ...
သူ့အသဲကိုခွဲ.......လှည့်မကြည့်စတမ်း ပစ်ထားရက်ခဲ့သူလေ..........။

လက်သန်းလေးတွေအတူတူထောင်
လက်မခြင်းထိပြီးလည်း...
ကတိတွေအထပ်ထပ်ပေးဘူးတယ်
ဘယ်တော့မှ ခွဲမသွားဘူးလို့ .... ။

၅၂၈+၁၅၀၀=၂၀၂၈
အဲ့စာလုံးကို ဘယ်သူတွေထွင်ခဲ့သလည်း

ညီမလေး လို့ပဲ ခေါ်ခေါ်
ချစ်သူလိုပဲ သက်မှတ် သက်မှတ်
သူ့ အပြောတွေတိုင်းမှာ ကိုယ်အကြိမ်ကြိမ်ပျာ်ဝင်လွယ်လွန်းပါတယ်.....။

ကမ္ဘာတွေ ဘယ်လောက် ခြားခြား
နှစ်တွေ ဘယ်လောက်ကူးကူး
ညည်နန့် သန်းခေါင် တရေးနိုး ဖုန်းထခေါ်လည်း....
ငယ့်...တွက်ဆို....... အသင့်ရှိနေပေးခဲ့ သူ......
ဒါနဲ့ များ.....ငါဘာ မကျေနပ်စရာရှိလည်း...

ရင်ထဲ......မီးတောက်နေတယ်
သက္ကရာဇ်တွေ နောက်ပြန်ချိုး....
ပာိုးအရင်ချိန်တွေ ပြန်လိုချင်တယ်.....
ရာဇ၀င်ထဲမှာ.....သူ့ ကိုထားရစ်ခဲ့သူကိုယ်
ဘယ်တော့မှ ထပ်မဖြစ်ပါရစေနဲ့ .....

သူ့ .....စိတ်အလေလိုက်
တခြားတစ်ယောက်ကို..ကြိုက်သွားမှာ
ကိုယ် မလိုလားဘူး..

အားအင်.....ဆုတ်လျှော့
အမြင်အာရုံတွေေ၀၀ါး
အာခေါင်တွေ ခြောက်ကပ်လာတယ်
ပာင်အင်း....ပာင်အင်း.......
အတွေးထဲတောင်...မဝေးနိုင်ဘူး..

အတ္တကြီးတယ်ပြောပြော..
တစ်ကိုယ်ကောင်းဆန်တယ်ထင်ထင်.
ကိုယ်တစ်ယောက်တည်းပဲ......ချစ်ပါ..
ကောင်းသောမနက်ခင်းပါ .ငယ်လို့ 
မနက်ခင်းတိုင်း......နှုတ်ခွန်းဆက်ပါ.
ညအိပ်ယာဝင်ခါးနီးတိုင်း
' Have a coffee dream without sugar ' လို့ 
 ပုံမှန်အတိုင်းဆုတောင်းပေးပါ......။

တလောကလုံးကို အံ့တု
အတ္တကြီးသူ ကိုယ် အဖြစ်
ရှင့်ရဲ့ မူပိုင် ချစ်သူ ဖြစ်ပါရစေ...
ညီမလေးလို လည်းချစ်ပါ..
ချစ်သူလို လည်း မြတ်နိုးပါ........
ရူးရူးမူးမူး သ၀န်တို ခွင့် ကိုယ့်ကို ပေးပါ
လက်သန်းလေးတွေ အတူတူပြန်ထောင်
လက်မလေးတွေ အတူတူ ထိပြီး
ဘယ်တော့မှ မခွဲကြေး....နော်....။

No comments :