ပုံပြင်လေးတစ်ခုပြောပြမယ်
ဘဲဥနဲ့ကောင်မလေးမညားခင် ဘဲဥကကောင်မလေးကိုအမြဲပြောတယ်
လက်ထပ်ပြီးရင်ဘာမှမပူနဲ့လို့ပြောတယ်
ဒါကိုကောင်မလေးကလည်း ဘယ်လိုအဓိပါယ်ကောက်သလဲဆိုတော့ လက်ထပ်ပြီးရင်
ဘာမှပူစရာမလိုဘူး
လိုသမျှပြည့်စုံမယ်ထင်လို့ဘဲဥ နဲ့လက်ထပ်ဖို့ကိုသဘောတူလိုက်တယ်
လက်ထပ်ပြီးတဲ့နောက်တော့ ကောင်မလေးအထင်နဲ့အမြင်လွဲသွားတယ်
ဘဲဥကိုတစ်ခုခုပူဆာတိုင်းကောင်လေးက၀ယ်မပေးဘူးဖြစ်နေတယ်
ကောင်မလေးလည်း သည်းမခံနိုင်တဲ့အဆုံး ရန်ဖြစ်တယ် ရှင်ပြောတော့
လက်ထပ်ပြီးရင် ဘာမှမပူနဲ့ဆို
ခုတော့ နဲနဲလေးဝယ်ခိုင်းတာတောင် ၀ယ်မပေးပါလားပေါ့ ရန်တွေ့တယ်
ဘဲဥကလည်း ပြန်ပြောလိုက်တယ်လေ အေးလေ ငါပြောပါတယ် လက်ထပ်ပြီးရင်
ဘာမှမပူနဲ့လို့
No comments :
Post a Comment