ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...
မေ့မလွယ်
ကံမကြုံ၍
မဆုံကြရ ၊ သည်​ဘဝမှာ
ဝေးကြပြီး​လေ ၊ သိ၍​နေလည်း
ဖြေသိမ့်​မရ  ၊ အလွမ်းစနှင့်
တမ်းတ​နေမိ ၊သတိရဆဲ......
ငယ်​ရုပ်​မ​ပြောင်း ၊ ဓာတ်​ပုံ​ဟောင်းကို
နှောင်းတ​မြေ့​မြေ့ ၊ ထုတ်​ကြည့်​၍ပင်
မ​မေ့နိုင်​​ပေ ၊ လွမ်း​ငွေ့​ဝေဆဲ.....
လှပလက်​​ရေး ၊ ငယ်​​သေး​သေးနှင့်
သူ​ပေးသည့်​စာ ၊ မြတ်​နိုးစွာဖြင့်
ခါခါဖတ်​ကြည့်​ ၊ တမ်းတမိဆဲ.....
သူလက်​​ဆောင်​​ပေး ၊ပန်း​ခြောက်​​လေး​တွေ
ထွေးပိုက်​ယုယ ၊ တသသဖြင့်
ကာလရှည်​လျား ၊ သိမ်းဆည်းထားဆဲ
 သြော်​....ကံမကြုံ၍
မဆုံခဲ့ရ ၊ ​ဝေးခဲ့ကြလည်း
ဘဝတစ်​သက်​ ၊ ​မေ့ဖို့ခက်​သည်
စိမ်းရက်​သူ​တော့ သိမယ်​မထင်​.....။
No comments :