ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

‌ထောင်‌‌ချောက်‌

ပင့်‌ကူတို့ သည်‌ သူတို့ ၏ခန္ဓာကိုယ်‌မှ ထွက်‌လာ‌သော ပိုးမျှင်‌များဖြင့်‌ ‌ထောင်‌‌ချောက်‌ပြုလုပ်‌‌လေရှိပါသည်‌။ ပင့်‌ကူအိမ်‌ဆိုသည်‌မှာ ပင့်‌ကူ၏‌ထောင်‌‌ချောက်‌ပင်‌ ဖြစ်‌ပါသည်‌။
      ပင့်‌ကူသည်‌ ခြင်‌၊ယင်‌စ‌သော အခြား‌အင်းဆက်‌ပိုးများကို ‌ထောင်‌‌ချောက်‌ဖြင့်‌ ဖမ်းကာ စား‌သောက်‌ပါသည်‌။သူကိုသူ‌တော့ ‌ထောင်‌‌ချောက်‌တွင်းသို့  အကျမခံပါ။ဤကိစ္စတွင်‌ ပင့်‌ကူတို့ သည်‌ လူတို့ ထက်‌လိမ္မာသည်‌ဟု ဆိုရ‌ပေလိမ့်‌မည်‌။ လူတို့ သည်‌ကား ပင့်‌ကူလိုမဟုတ်‌ဘဲကိုယ့်‌‌ထောင်‌‌ချောက်‌အတွင်းသို့  ကိုယ်‌ကိုယ်‌တိုင်‌      သား‌ကောင်‌အဖြစ်‌ ကျဆင်းသွားတက်‌‌ချေသည်‌။
    လူတို့၌ လူလုပ်‌‌သော ‌ထောင်‌‌ချောက်‌‌တွေက များဘိခြင်း...။ထို‌ကြောင့်‌ ‌ထောင်‌‌ချောက်‌များကို အ‌ပျော်‌အပါး၊ကာမရာဂ၊လာဘ်‌ပူ‌ဇော်‌သကာ အ‌ကျော်‌အ‌စော စသည်‌ဖြင့်‌ အမည်‌များ ‌ပေးထားရသည်‌။အမည်‌များ၏ လှည့်‌စားမှု‌ကြောင့်‌ ‌ထောင်‌‌ချောက်‌သည်‌ ‌ထောင်‌‌ချောက်‌ဟုမတွင်‌၊ဘဝ‌အောင်‌မြင်‌မှုဟု တွင်‌‌နေပါသည်‌။
   ဘဝ‌အောင်‌မြင်‌မှုဆိုသည်‌က က‌လေးနှင့်‌ အရူးမှလွဲ၍ လူတိုင်း တပ်‌မက်‌သည့်‌အရာ။လူတို့ ပင်‌ပင်‌ပန်းပန်း ခက်‌ခက်‌ခဲခဲ ရုန်းကန်‌ လှုပ်‌ရှား‌နေကြခြင်းမှာ ဘဝ‌အောင်‌မြင်‌မှုကို ရရှိလို‌သော‌ကြောင့်‌ ဖြစ်‌ပါသည်‌။
      လူသည်‌ ဘဝ‌အောင်‌မြင်‌မှုကို ရှာ‌ဖွေလိုက်‌၊တည်‌‌ဆောက်‌လိုက်‌ဖြင့်‌ သူမသိ‌သော ‌ထောင်‌‌ချောက်‌ကို တဖြည်းဖြည်းချင်း တည်‌‌ဆောက်‌ပါသည်‌။မိမိ၏ လွတ်‌‌မြောက်‌ရာကို ပိတ်‌ပင်‌ တားဆီးမည့်‌ ‌ထောင်‌‌ချောက်‌တစ်‌ခုဟူ၍ မသိမချင်း ဆိုပါ‌တော့။
  အကယ်‌၍ မိမိရရှိထား‌သော ဘဝ‌အောင်‌မြင်‌မှုသည်‌ ‌ထောင်‌‌ချောက်‌တစ်‌ခုဟု သိလိုက်‌ရပြီ ဆိုပါစို့ ။ထိုအခါ မည်‌ကဲ့သို့  ပြုလုပ်‌ကြမည်‌နည်း။

‌မောင်‌လှိုင်‌‌မွေး၏ `ဗုဒ္ဓနှင့်‌ ‌ခေတ်‌ပြိုင်‌မှတ်‌ချက်‌များ´စာအုပ်‌မှ......

No comments :