ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

ခွင့်လွတ်ပေးပါ

ဓနမဲ့တဲ့ ချစ်ခြင်းဆိုပေမဲ့
ရိုးသားခြင်းနဲ့  အပြစ်ကင်းစွာ
အယူခံဝင်ခဲ့ ပြီးပြီ
အတ္တဖုံးလွမ်းနေတဲ့
အမှောင်လမ်းတွေမှာလည်း
ခြေညောင်းအောင်လျှောက်ခဲ့ပြီးပြီ
ဘ၀ အတွက် ရိုးသားစွာ
ဖြိုခွင်းခဲ့ ပြီးပြီ
ဘ၀တစ်ခု နွမ်းလျှလျှ နဲ.
လွမ်းနေရလည်း ချစ်သူ
မင်းမျက်နှာ ပြုံးနေတာကြောင့်
ပျော်ရွင်ခဲ့ ပြီးပြီ
အကြောင်းမဲ့စွာ စိမ်းကားရက်စက်
အနိုင်ယူခဲ့လို့ လည်း ၀မ်းနည်းခြင်းနဲ့  အတူ
ကြေကွဲခဲ့ပြီးပြီ
တလောကလုံး အားရအောင်
ချစ်သူရှေ.မှာ မျက်ရည်ကြမပြနိုင်တာကို
ခွင်လွတ်ပေးပါ ……………………။

No comments :