အချစ်တွေကို
ရိုးသားစွာ ဖွင့်ဟ ပြောဆိုပြီးကာမှ
တစ်ခဏလေးတောင် လွမ်းရမှာကို
ကြောက်တယ်
အလွမ်းတွေနဲ အတူထာဝစဉ်
ပျော်ရွင်ပြီးကာမှအတ္တတွေ
အရောင် စိမ်းစိမ်း ဖုံးလွမ်းသွားမှာကိုလည်း
ကြောက်တယ်………..
အဆွေးတွေကို ပေးဆက်ခံစားနေရင်
အပြစ်မဲ့စွာ ရက်စက်သွားမှာကိုလည်း
ကြောက်တယ်……………..
ပစ္စုန်ကို အလေးမထား
အနာဂတ်ကိုလည်းမေ့ပျောက်
ဝဋ်ကြွေး ကံကြမ္မာ အနိုင်ယူတာကြောင့်
သံသရာတကွေ့  မှာ ပြန်လည်ဆုံဆည်းရမှာကို
ကြောက်တယ်…………..
No comments :
Post a Comment