ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

ရေဆန်လမ်းက ဘ၀ကြိုးတန်း



ဘဝတစ်ခု ရုန်းကန်နေရရင်း
သူမ မြတ်နိုးတာက ငွေမဟုတ်ပါဘူး...
မိသားစု အတွက် တစ်တပ်တစ်အား
အရည်ကျဲကျဲ ဟင်းတစ်မယ် ဆိုလည်း
သူမ အတွက် တန်ဖိုးဖြတ်မရ နိုင်မယ် မထင်....

မုန်တိုင်းဆိုတာကလည်း ခက်သား
လေပြေလေညှင်းတွေ စိတ်ဆိုးရင် မုန်တိုင်းဆိုတာ ဖြစ်ပေါ်လာတတိ သတဲ့လား
သူမ ဘာအပြစ်များ လုပ်ထားမိလို့ ပါလဲဗျာ.....

တစ်နေ့တစ်နေ့ နေပူမိုးရွာထဲ
ဈေးဗန်းလေး ခေါင်းပေါ်တင်
ကလေးတန်မယ့် ရွာရိုးကိုးပေါက်လျှောက်
ဦးဦးဒေါ်ဒေါ်ကိုကိုမမ သနားစဖွယ် မျက်နှာငယ်နဲ့
သူမ ဘာအမှာများ လုပ်ခွင့် ရပါလိမ့်မလဲဗျာ....

အော်...ကလေးရယ်......
သူဌေးတစ်ယောက်အတွက် ကားတစ်စီး တိုက်တစ်လုံး ဆုံးရှုံးသွားတာ မပြောပလောက်ပေမယ့်
ငါ့ ညီမလေး ရဲ့ ရိုးသားမှု သယံဇာတတွေ တွန်းချခံလိုက်ရတာကိုတော့
အစ်ကို ရင်နာလို့ မဆုံးပါဘူးကွယ်....

ပြန်ကောက်ရမပေါ့လေ.....
အဲ့ဒီ အစိတ်စိတ် အမွှာမွှာ အမှိုက်လေးတွေ ထဲမှာ
ငါတို့ ဘဝတွေ စီးဝင်နေတယ်...
ငါတို့ ရိုးသားမှုတွေ က ညစ်ပေလည်း ခနပါကွာ...
သွား..သွားး ...ရေဆေးလိုက် ကလေးရေ.....
ဘယ်သူမှ မသုံးချင်လည်း တို့ မိသားစုပဲ
မျှဝေ စားလိုက်ကြမယ်
အဲ့ဒါ ဆေးပေါင်းခတယ်ကွဲ့.....

( ကဗျာ ရှင်)

*ထာဝရ*



ထောင်သောင်းမက ရာတွေချီ
စာပန်းချီ ခြယ်သလဲ
မင်းအလှကို ဖွဲ့နွဲ့ဖို့ရာ
စကားလုံးတွေ ကွယ်ပျောက်ခဲ့ရ
တိတ်ဆိတ်လို့ အိပ်ပျက်ညတွေမှာ
မင်းအကြောင်းတွေးလို့ စာတွေစီ
ရာသီတွေ အလီလီပြောင်းလဲ
တစ်သက်မပြောင်းလဲတဲ့ ချစ်မေတ္တာ
မင်းတစ်ယောက်အတွက် "ထာဝရ"ပါ




(♥PPN♥)

* အရှုံးသမား *




အရှုံးတစ်ဖက်ရဲ့ အဆုံးသတ်မှာ

အပြုံးတစ်ချက်ရဲ့ ထိုးနှက်ချက်ဟာ

တစ်သက်လုံးအတွက် ရုန်းမထွက်နိုင်လောက်တဲ့

အမုန်းတစ်ခုရဲ့ မာယာလှည့်ကွက်မှာ

ကျရှုံးခဲ့သူ တစ်ယောက်အတွက်

ရှုံးထွက်ကစားပွဲတစ်ခုများလား....? ။ ။

(♥PPN♥)


To My Girl!



ကောင်မလေးရယ် မင်းအတွက်ဆို
မင်းမြတ်နိုးတဲ့ ဆံကေသာထက်က
သဇင်ပန်းတခတ် ဆင်မြန်းပေးသူ
မင်းရဲ့ချစ်သူ ဖြစ်ချင်သူပါ
နေပူမိုးရွာ မင်းနဲ့အမြဲပါတဲ့
ထီးလေးတလက်လို မင်းကိုအုပ်မိုးကာကွယ်ပေးသူ
မင်းရဲ့ချစ်သူ ဖြစ်ချင်သူပါ
စိတ်ညစ်ဝမ်းနည်း အားငယ်ချိန်ဝယ်
မင်းရဲ့နံဘေး စိတ်ပျော်ရွှင်အောင်ထားပေးမယ့်သူ
မင်းရဲ့ချစ်သူ ဖြစ်ပါရစေ…..





(♥PPN♥)

" လမ်းခွဲ = အရှုံး ”




အချစ်ဆိုတာ ရယူခြင်းလား...?
ပေးဆပ်ခြင်းလား….?
သစ္စာမဲ့သူတွေအတွက် အောင်နိုင်ခြင်းလား...?
အချစ်စစ်တွေအတွက် ရှုံးနိမ့်ခြင်းလား…?
ငါထင်ပါတယ် ...
အချစ်မှာ အနိုင်ဆိုတာမရှိနိုင်ပါဘူး
ကျောခိုင်းထားရစ်ခဲ့သူအတွက်
ကိုယ့်ကိုတကယ်ချစ်တဲ့သူကိုဆုံးရှုံးရသလို
ကျန်ခဲ့သူအတွက်
ကိုယ်ချစ်တဲ့သူကိုဆုံးရှုံးလိုက်ရတာပါပဲ
အချစ်တစ်ခုပျက်စီးသွားတာနဲ့
နှစ်ဘက်လုံး အရှုံးတွေသာရင်ဆိုင်ရမှာပါပဲ…
ကိုယ့်ရဲ့အရှုံးတွေကို
ပြုံးပြုံးလေးနဲ့ ရင်ဆိုင်နိုင်ရင်
သင်လူတစ်ယောက်ကို ချစ်လို့ရပါပြီ ... ... ။

*Moon