ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

To My Girl!



ကောင်မလေးရယ် မင်းအတွက်ဆို
မင်းမြတ်နိုးတဲ့ ဆံကေသာထက်က
သဇင်ပန်းတခတ် ဆင်မြန်းပေးသူ
မင်းရဲ့ချစ်သူ ဖြစ်ချင်သူပါ
နေပူမိုးရွာ မင်းနဲ့အမြဲပါတဲ့
ထီးလေးတလက်လို မင်းကိုအုပ်မိုးကာကွယ်ပေးသူ
မင်းရဲ့ချစ်သူ ဖြစ်ချင်သူပါ
စိတ်ညစ်ဝမ်းနည်း အားငယ်ချိန်ဝယ်
မင်းရဲ့နံဘေး စိတ်ပျော်ရွှင်အောင်ထားပေးမယ့်သူ
မင်းရဲ့ချစ်သူ ဖြစ်ပါရစေ…..





(♥PPN♥)

No comments :