ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

" လမ်းခွဲ = အရှုံး ”




အချစ်ဆိုတာ ရယူခြင်းလား...?
ပေးဆပ်ခြင်းလား….?
သစ္စာမဲ့သူတွေအတွက် အောင်နိုင်ခြင်းလား...?
အချစ်စစ်တွေအတွက် ရှုံးနိမ့်ခြင်းလား…?
ငါထင်ပါတယ် ...
အချစ်မှာ အနိုင်ဆိုတာမရှိနိုင်ပါဘူး
ကျောခိုင်းထားရစ်ခဲ့သူအတွက်
ကိုယ့်ကိုတကယ်ချစ်တဲ့သူကိုဆုံးရှုံးရသလို
ကျန်ခဲ့သူအတွက်
ကိုယ်ချစ်တဲ့သူကိုဆုံးရှုံးလိုက်ရတာပါပဲ
အချစ်တစ်ခုပျက်စီးသွားတာနဲ့
နှစ်ဘက်လုံး အရှုံးတွေသာရင်ဆိုင်ရမှာပါပဲ…
ကိုယ့်ရဲ့အရှုံးတွေကို
ပြုံးပြုံးလေးနဲ့ ရင်ဆိုင်နိုင်ရင်
သင်လူတစ်ယောက်ကို ချစ်လို့ရပါပြီ ... ... ။

*Moon

No comments :