ပြောခဲ့သမျှတွေ အရာထင်ဖို့အတွက်
ခုမှပဲ .. ရေပေါ်မှာ အရုပ်ရေးနေရတဲ့ လူ ......
သူတစ်လူ ငါတစ်မင်း ကမ်းနားသစ်ပင်တွေ ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့
လှေအလူးမှာ ကပ်ညိခဲ့ဖူးတယ်
ဓါး ထစ်ပြီးသာ မှတ်ထားပါလေ
တစ်ချိန်ချိန်တော့ အသုံးဝင်တန်ကောင်းရဲ့ ....ဟောင်းမှည့်နေတဲ့ ဗုံးတစ်လုံး
ခပ်အိုက်အိုက် စိတ်တွေကြားမှာ ထကွဲမလို့တဲ့
သူ ... လူရာကောဝင်ပါ့မလား ...
ဒီမှာက အချိန်တိုင်း ပေါက်ကွဲနေကြတာလေ ....
ခပ်ပြတ်ပြတ်ပဲ တွေးပလိုက်တယ်
အဆက် အစပ်ဆိုတာ ဟင်းချက်မှ လိုတာပဲလို့
ဒီနေ့ ... ငါးပိရည်က နဲနဲ ဖန်တယ် ....
မင်းနေဝေး
No comments :
Post a Comment