ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

မှတ်‌ချက်‌

အလွမ်းဆိုတာ အသံထွက်မရီတတ်တဲ့ နတ်ဆိုးတစ်ကောင်

အချိန်ဆိုတာ ၀င်သက်ထွက်သက်ရဲ့ ဘာသာစကား

ဆိုပါများလို့ မေ့သွားတဲ့ စာသားတစ်ပိုဒ်ထဲမှာ

ငါ့အိပ်မက်တွေ ၀ှက်ပါသွားတာ နင်မသိလိုက်

အငိုက်မိလို့ အချစ်ခံလိုက်ရတဲ့ ဒီရင်ဘက်ကြီးကတော့

အမှတ်တမဲ့တွေ အကွက်လိုက် အကွင်းလိုက်

မြွေ မြွေချင်းကျတော့ ခြေမြင်သတဲ့

တီကောင်တွေလည်း အင်းးး . . .

ခြေပဲ မြင်မှာပါလေ (မြင်ပါစေ)

နင်နဲ့ငါက မြွေမကျ တီမက

ရှည်ရှည်ထွက်လာတဲ့ အလွမ်းတွေကို

ဗြူတီပါလာမှာ One Way လှလှလေး သွားညှပ်ထားတယ်

စိတ်ဓာတ်ကျတတ်တဲ့ ညတွေကို

အိပ်ဆေးတစ်ခွက်နဲ့ အသက်ဆက်ခဲ့ရတာလည်း ကြာပေါ့

ပြန်မမှတ်မိတော့တဲ့ ကဗျာတစ်ပုဒ်ထဲမှာ

ပက်ပက်စက်စက် ချစ်တတ်တဲ့အကြောင်းကို

ခါးစောင်းတင်ပြီး ရေးထားတာ ဖတ်ဖူးတယ်

ဘာတဲ့ . . .

နင်ချစ်တယ်ဆိုတာ ဒါလား

သံသရာမကြေဘူး နောင်ဘ၀ ဒီထက် ချစ်ပြမယ်တဲ့

ညီနေညီ ●•ツ

No comments :