မျှော်လင့်ခြင်းရဲ့ နေ့ရက်တွေကို
ခဏခဏ သတိရပေမယ့်
ဥပေက္ခာပြုနိုင်သူ ရှိမှတော့
ငါ့ဘက်က ဘာတတ်နိုင်မှာလဲ
ဒါဟာလဲ
မင်းပေးတဲ့အရသာသစ်ဆိုရင်
ချိုမြိန်တယ်လို့ ယူဆလိုက်ပါ့ မယ်….
မစားရလို့ စပျစ်သီး
ချဉ်တယ်လို့မပြောလိုပါဘူး……
အသီးက ခါးနေရင်တောင်
ငါ့အတွက်တော့ ချိုမြိန်နေဆဲပါပဲ…….
လှမ်းခူးခွင့်မရခဲ့ရင်တောင်
လှမ်းမျှော်ခွင့်လေးတော့
ငါ့မှာ အခွင့်ရှိပါသေးတယ်…
No comments :
Post a Comment