ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

နွေဦးပေါက်တော့ (မင်းသုဝဏ်)


သွေ့သည် သွေ့သည်၊ စုံပတ်လည်ဝယ်
မစည် ကြိုးကြဲ၊ ရွက်ရော်ဝဲသည်
နှင်းစဲခါစ – ပေါ်နွေဦး။ ။

ဝေ့လည် ဝေ့လည်၊ ရပ်မတည်သည်
ဟိုသည် လျှောက်ပြေး၊ ရွက်ရော်သေးကို
ဆောင်သွေး ချေပေါ့ – ဆော်လေရူး။ ။

မြေ့ချည် မြေ့ချည်၊ စိုမပြည်သည်
မကြည် နောင့်ဝမ်း၊ ရွက်ရော်နွမ်းနှင့်
မိတ်ကျွမ်းတဝင်၊ ပါလေအင်သည်
ဘယ်တွင် ဆုံးရိပ် – မြော်ချေဘူး။ ။

(ဂန္ထလောက၊ တပို့တွဲ၊ ၁၂၉၃) (မင်းသုဝဏ်)

No comments :