ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

ငါ


ငါဆိုတာ….
မင်းမျက်နှာတစ်ချက်ညှိုးရင်
ရင်ကျိုးသေမယ့်ကောင်……..
မင်းစကားသံကြမ်းရင်..
ရင်အခြမ်းခြမ်းကွဲမယ့်ကောင်…..
မင်းပျော်မယ်ဆိုရင်…
ချော်ရည်ပူတွေတောင် သောက်ပြရဲတဲ့ကောင်…….
မင်းအလိုရှိလို့……
ငိုဆိုရင်လဲ ငိုပြရဲတဲ့ကောင်…..
မင်းဘ၀လှပဖို့….
ငါ့မာနတွေတောင် လွှင့်ပစ်ရဲတဲ့ကောင်…..
တကယ်တမ်းကျတော့
ငါဆိုတာ…
မင်းအတွက်…
သုံးစားမရတဲ့
ခပ်ညံ့ညံ့ငပေါကြီးတစ်ကောင်…..
ဖြစ်တတ်ပါတယ်..
မင်း ပေါ စေချင်တဲ့အတိုင်း
ငါ ပေါပြမယ်…
စိတ်တော့မရှိနဲ့..
ငါဆိုတာ…မင်းအတွက်
ဘယ်သူတွေဘယ်လိုထင်ထင်
ဈေးကျခံပြီး ချစ်ပြရဲမယ့်ကောင်ဆိုတာ…
မင်း လက်မခံချင်လဲ လက်ခံရမှာပဲ

No comments :