ကြယ်ပွင့်တွေနဲ့ တကွ မိုးကောင်းကင်ကြီးကို
အပိုင်စားရစေဦးတော့
တန်ဖို့ မဖြတ်နိုင်တဲ့
စည်းစိမ်ချမ်းသာနဲ့ တကွ
ကမ္ဘာကြီးကို အပိုင်စားရစေဦးတော့.....
(အလိုဆန္ဒ မပြည့်ဝနိုင်သေးဘဲ)
ကိုယ်....ထပ်တလဲလဲ
တောင်းနေမိဦးမှာပါပဲ။
ဒါပေမဲ့ သူ(မ)ကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင်တော့
ကမ္ဘာမြေပေါ်က အသေးငယ်ဆုံ
ထောင့်လေးတစ်ထောင့်ထဲမှာ
နေရမယ်ဆိုရင်တောင်
ကိုယ်ကျေနပ် ပျော်ရွင်နေမယ်ထင်ပါရဲ့ ။
ကောင်းသန့် 
No comments :
Post a Comment