သြကာသ ဆိုတာ ခွင့်ပေးပါလို့  ခွင့်တောင်းတာ၊ အပြည့်အစုံဆိုရင်... သြကာသံ ဒေထ၊ သြကာသံ ဒေထ၊ သြကာသံ ဒေထ လို့  ဆိုရမယ်။ ခွင့်ပေးတော်မူပါ ဘုရား လို့  သုံးကြိမ်တောင်းပန်တာကလား။ ဘာလို့ ခွင့်တောင်းရတာတုန်းလို့  မေးကြည့်။ တပည့်တော်တို့  ကိုယ်နှုတ်စိတ်ထား သုံးပါးများနဲ့ ပြစ်မှားမိခဲ့ တဲ့  အပြစ်ဟူသမျှတို့ ကို ပျောက်ကင်းစေချလငို့ ပါဘုရားလို့  အေဖြေပ်ါလာတယ်။
ဟုတ်ပြီ၊ ဘယ်မှာ ပြစ်မှားထားသတုန်းလို့ ဆက်မေး၊ ဘုရားအဆူဆူအေပါ်၊ တရားသံဃာအဆူဆူတို့ အေပ်ါမှာပါ ဘုရားလို့ အေဖြထွက်လာမယ်။ ပြစ်မှားခဲ့ပုံ၊ ပြစ်မှားနေပုံတွေကေတာ့ ဒီဘ၀ဗုဒ္ဓဘာသာဝမငှ်ာတောမင်နည်းလှပါဘူး။ သားတို့ ချင်း ခရီးသွားမည်ကြံလျှင် ဟေ့ကောင် .. သုတ်သုံးကျမ်းနားလ်ရညမတဲ့ကွ၊ မင်းသုတ်သုံးကျမ်း သိရဲ့ လား။ စားသုတ်သုတ်၊ သွားသုတ်သုတ်၊ လာသုတ်သုတ် ပြောတာကွရယ်လို့ ဘုရားရှင်ဟောကြားထားခဲ့တဲ့ သမာဓိပိုင်းဆိုရင်ာ သုတ်မဟာ၊ သုတ်သီလက္ခန်၊ သုတ်ပါတေယျများကို သေရ်ာထားတယ်မဟုတ်လား။ ဒါ ဒီဘ၀မှာပဲ တရားတော်အေပ်ါပြစ်မှားပုံ... သားတို့ ရပ်ထဲမှာ အငြိမ့် ကဇာတ်က တဆင့်ရထားတဲ့ တရားပြက်လုံးတွေ အများကြီးပါပဲ။ ဘုရားဖျက် သံဃာဖျက် ဖျက်ထားတဲ့ ပြက်လုံးတွေလည်း မနည်းပါဘူး။
ဒီဘ၀သာမဟုတ် ဘ၀တိုင်း၊ ဒီကမ္ဘာသာမဟုတ် ကမ္ဘာ့ကမ္ဘာမှာပေါ့။ ဒီဘုရားသာမက ဘုရားအဆူဆူ၊ ဒီသံဃာမျှမက တရားတော်အစားစား၊ သံဃာအများအပြားပါပဲ၊ မပြစ်မှားဖူးခဲ့သည်မရှိ၊ တစ်ကြိမ်မဟုတ် တစ်ကြိမ်၊ တစ်ကွေ့ မဟုတ် တစ်ကွေ့ ပြစ်မှားခဲ့ဖူးကြတာချည်းပဲ၊ ကုန်ကုန်ပြောရလျှင် သားတို့ သမီးတို့ ကလည်း ခွေးဘ၀ရောက်နေတုန်း ဘုရားကလည်း အပွင့်၊ သားတို့ နဲ့  ဘုရား တစ်ခုသောလမ်းကြား ရဆငိုင်တွေ့ ကြစဉ် ဘုရားကို မိုက်ကြည့်ကြည့်ပြီး ဟောခင်ဲ့သည်မှာ အမှန်၊ သံဃာကို ဟိန်းဟောခင်ဲ့သည်မှာလည်း အမှန်ပါပဲကွယ်။
ဒီဘုရားအဆူဆူ၊ တရားအစားစား၊ သံဃာအများအပြား အေပါ် ပြစ်မှားမိခဲ့တဲ့ မိုက်ပြစ်၊ မသိပြစ်၊ မလိမ္မာပြစ် အားလုံးကို တကယ်လည်း ဆင်ခြင်ဥာဏ်နဲ့  မြသငိ၊ တကယ်လည်း ကင်းပျောက်လိုတဲ့  ဆန္ဒကလည်းရှိမှ အပြစ်ေကကျမှာ၊ ဆိုကျင့်ပါလို့ ဆိုရုံနဲ့ တော့ စင်းလုံးချော မေကျပျောက်နိုဘင်ူး။
ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်သော်မှ ဟိုရှေးအလွန်ဘ၀များက ရတနာသုံးပါး ပြစ်မှားဖူးလို့  ၀ိပါက်တော်များ ခံယူတော်မူရတာ၊ လူသာမာန်တို့ က ဆိုဖ်ွရယာမရှိ၊ ဒါကြောင့် နှစ်သက်သလို ၀န်ချတောင်းပန်ကြဆိုတော့မှ ပထမ ဒုတိယ စသည်မှ အရိုအေသ အေလးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျော့ ကန်တော့ပါ၏ဘုရား ဆိုတဲ့ ၀န်ချတောင်းပန်ခန်း ဆိုက်လာတယ်...။
သည်သြကာသ ကန်တော့ခန်းကို အတိုချုံးပြီး အဓိပ္ပါယ်ဖွင့်ပြရလျှင် "တပည့်တော် တပည့်တော်မတို့သည် .... ဘ၀အဆက်ဆက် သံသရာ အဆက်ဆက်တုန်းက ဘုရားအဆူဆူ တရားအဆူဆူ၊ သံဃာအဆူဆူ တို့ အပေါ် မသိမိုက်မှား စော်ကား ကျူးလွန်ခဲ့တဲ့ ကာယကံမှု၊ ၀စီကံမှု၊ မေနာကံမှု၊ အပြစ်ကြီး အပြစ်ငယ် အသွယ်သွယ်တို့ ကို ထိုအားလုံးတို့  ကိုယ်တော် အရှင်ဘုရားထံပါးမှာ ၀န်ချတောင်းပန်လိုပါတယ်ဘုရား၊ အကယ်၍သာ အရှဘင်ုရားက ထိုဘုရားအဆူဆူ၊ တရားအဆူဆူ၊ သံဃာအဆူဆူတို့ ကိုယ်စားကျေအေးစကား ဆုပေးသနားခဲ့မယ်ဆိုလျှင် တပည့်တော်များ အပါယ်လေးပါးအစ၊ ဗျဿနအဆုံးရှိသော ၀ဋ်ဒုက္ခ အားလုံးတို့ မှ လွတ်မြောက်ရာ မဂ်ဖိုလ်နိဗ္ဗာန်လမ်း တန်းတန်းကြီးသွားချင်ပါတယ်ဘုရားတဲ့။
ဒါကြောင့် သြကာသဟာ ပေါ့သေးသေးမဟုတ်၊ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့  ရည်ရွယ်ချက်နဲ့  လမ်းစဉ်ကြေငြာချက် ဖြစ်တယ်။
မဟာဗောဓိမြိုဆင်ရာတော်ကြီး (ဆရာမောင်သွေးချွန်စုစည်းသော ဘာ့ကြောင့် ၁+ ၂ ပေါင်းချုပ်စာအုပ်မှ)
No comments :
Post a Comment