မျှော်သာမျှော်လျက် အခေါ်ခက်ပြန်
မတွေ့ချိန်မှာ စိတ်ဓါတ်မခိုင်
မေ့ကိုတမ်းတ မှန်းဆလွမ်းဆွေး
မျက်ရည်လွင့်ချင်
တွေ့ပြန်တော့လည်း
ဂုဏ်နိမ့်သူမို့ နူတ်ဆက်ဖို့ရန်
မ၀ံ့မရဲ ခပ်ကျဲကျဲဖြစ်
မင်းနဲ့ကိုယ်ကြား မေတ္တာရနံ့
ဆယ်သက်ဆယ်ကမ္ဘာ
သင်းပျံ့လှိုင်ပေမယ့်
ဖွင့်မပြောရဲ
အားငယ်သူမို့
အပူတစ်ရာ
ကဗျာအဆွေးနဲ့
ယူဇနာတွေ ကွာဝေးပြီး
ရင်နင့်ကျန်မှာ စိုးရိမ်မိပါသည်။
No comments :
Post a Comment