ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

ချစ်သူရေ

ရင်တွေဖွင့်လို့ ရွက်တွေ လွှင့်ခဲ့တယ်..
အမြင့်ဆုံးတိုင်ထိပ်ကနေ
ရေပြင်ဆီ မျှော်ကြည့်လို့
ညဥ့်နက်နက်တွေမှာတောင်
လမ်းပြဌက်တစ်ကောင်နဲ့
မျှော်လင့်ရင်း အသက်ဆက်ခဲ့တာ..
ယုံလိုက်ပါ တစ်နေ့မှာ မင်းဆီကို
ငါ.. ရောက်လာမယ်ဆိုတာလေ..
အချိန်တွေ ဘယ်လောက်ပြောင်းပြောင်း
ဟောင်းမသွားတာလဲ တွေ့ရမယ်..
ရေညှိမတက်တဲ့ အသစ်စက်စက်အသည်းမှာ
အလွမ်းနာ ပရပွလဲ ရှိတယ်..
ကြိုလှည့်ပါ အချစ်ရယ် ငါရောက်လာမယ့်နေ့ကို..။








[“ကမ္ဘာလဆန်း ၁ ရက်နေ “့]

No comments :