ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

သဘောကျခြင်းများ

တစ်နေ့  ဂျယ်နီနဲ့ ဆရာမတို့ နှစ်ယောက် ပန်းခြံထဲမှာရောက်နေတယ်....။ဆရာ မက ဂျယ်နီကို ညဏ်စမ်းမေးခွန်း တစ်ခုမေးလိုက် တယ်။ဆရာမက- “ဂျယ်နီ...ဟိုကသစ်ပင်ပေါ်မှာဌက်(၃)ကောင်ရှိတယ်။အဲဒီ့ ထဲက ဌက်တစ်ကောင်ကို သေနတ်နဲ့ ပစ်ရင်ဌက် ဘယ်နှကောင်ကျန်မလဲ........။” ဂျယ်နီ - “ အင်း....တစ်ကောင်မှမကျန်ပါဘူးဆရာမ၊ ဘာလို့ လဲဆိုတော့ သေနတ်သံကြောင့် ကျန်တဲ့ ဌက်နှစ်ကောင်လည်း ထပျံသွားလို့ ပါ။” ဆရာမ - “မှားပါတယ်...အဖြေကဌက်နှစ်ကောင်ကျန်ပါတယ်။ဒါပေမယ့်  မင်းဖြေတဲ့ အဖြေကို သဘောကျတယ်။” x x x x x x x နောက်တစ်နေ့ မုန့် စားဆင်းချိန်ရောက်တော့ ဂျယ်နီနဲ့ ဆရာမ တို့ ပန်းခြံထဲရောက်လာခဲ့ ပြန်တယ်။ဂျယ်နီက ဆရာမကို ညဏ်စမ်းမေးခွန်းတစ်ခုကိုမေးလိုက်တယ်။ ဂျယ်နီ - “ ဆရာမ.......ဟောဟိုမှာထိုင်ပြီး ရေခဲမုန့် စားနေတဲ့ အမျိုးသမီးသုံးယောက်ကိုတွေ့ လားဗျ။ပထမတစ်ယောက်က ရေခဲမုန့် ကိုဘေးက နေ ပြီးလျှက်နေတယ်..။နောက်တစ်ယောက်ကကျတော့ ရေခဲ မုန့် ကို ကိုက်စားနေတယ်...။တတိယတစ်ယောက်ကကျတော့ရေခဲ မုန့် ကို အပေါ်ကနေပြီး အားရပါးရစုပ်နေတယ်။အဲဒီထဲက ဘယ်အမျိုးသမီးဟာ.......အိမ်ထောင်သည်ဖြစ်နိုင်မလဲ။” ဆရာမ - “ အင်း...အဲ..ဟို... ရေခဲမုန့် ကို အပေါ်က နေပြီးအားရပါးရစုပ်နေတဲ့ အမျိုးသမီးက အိမ်ထောင်သည်ဖြစ်မှာပေါ့....။” ဂျယ်နီ - “မှားပါတယ်.....။အဖြေက စေ့စပ်လက်စွပ်ဝတ်ထားတဲ့ သူသာ အိမ်ထောင်သည်အမျိုးသမီးပါ။ ဒါပေမယ့် ....ကျွန်တော် ဆရာမဖြေတဲ့ အဖြေကိုသဘောကျတယ်....။

No comments :