ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

အားနာတက်သူ

ပြင်ဦးလွင်ရှိ သူငယ်ချင်းဖြစ်သူထံတွင် မောင်ဘဲဥ နှစ်လကြာ လာရောက်တည်းခိုသည်။ နောက်ဆုံး မောင်ဘဲဥ ပြန်မည့်ရက်သို့ ရောက်လာသည်။ အိမ်ရှင် သူငယ်ချင်းက မောင်ဘဲဥ ကို ဘူတာရုံထိ လိုက်ပို့သည်။ ရထားထွက်ရန် နှစ်နာရီခန့် လိုနေသေးသဖြင့် နှစ်ယောက်သား စားသောက်ဆိုင်ဝင်စားကြသည်။ စားသောက်ပြီးစီးသောအခါ သူငယ်ချင်းက ငွေချေရန်အတွက် ပိုက်ဆံအိတ်ကို နှိုက်သည်။ မောင်ဘဲဥ သူ့ကို တားသည်။ "မလုပ်ပါနဲ့ဗျာ။ ခင်ဗျားအိမ်မှာ ကျွန်တော် နှစ်လတိတိ နေထိုင်စားသောက်ခဲ့တယ်။ ခင်ဗျားတို့ မိသားစုတစ်ခုလုံး မငြိုမငြင်နဲ့ ကျွန်တော့ကို ပြုစုခဲ့ကြတယ်။ ဒီတစ်ခါတော့ ကျွန်တော်တစ်ဝက်ပေးပါရစေ" တော်တော် တက်နိင်တဲ့ ဘဲဥ

No comments :