ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

မမျှော်လင့်နဲ့

နိုင်ငံမတူတဲ့သူနှစ်ယောက် ဆုံကြတဲ့အခါ ပထမတစ်ယောက်က သူ့နိုင်ငံ က လူတွေက လကမ္ဘာကို အရောက်သွားနိုင်တယ်လို့ပြောလိုက်သတဲ့။ ကျန်တဲ့တစ်ယောက်ကလည်း "ကျုပ်တို့ဆီက လူတွေကတော့ နေပေါ်မှာ ကို ခြေချခဲ့တာဗျား"လို့ ဆိုပါတယ်။

ဒါနဲ့ ပထမလူက မဖြစ်နိုင်ဘူး၊ နေက ဒီလောက်ပူတာ ခြေချဖို့ မပြောနဲ့ ကပ်တောင်ကပ်လို့ မရဘူးလို့ပြောတော့ ဒုတိယလူက ဂုဏ်ယူဝင့်ကြွား ဟန်နဲ့ဆိုတာက"ဟုတ်တယ်လေ။ကျုပ်တို့က နေ့ဘက်သွားတာ မဟုတ် ဘူး။ ညဘက်သွားတာ"တဲ့။






အရက်တွေအလွန်အကျွံသောက်ထားပြီး မနက်မိုးလင်းမှ အိမ်ပြန်လာတဲ့ ခင်ပွန်းကို မိန်းမဖြစ်သူက အိမ်အ၀င်ဝကနေ ဆီးမေးပါတယ်။

"ကြည့်စမ်း .. တစ်ကိုယ်လုံးလည်း အရက်စော်နံနေတာပဲ။ အက်ႌ
ကော်လာမှာလည်း နှုတ်ခမ်းနီရာတွေနဲ့။ နေစမ်းပါဦး ... မနက်မိုးလင်း ၆ နာရီမှ အိမ်ကိုပြန်လာရဲရလောက်အောင် ရှင့်မှာ တော်တော်ကောင်းတဲ့ အကြောင်းပြချက် ရှိနေတယ်ထင်တယ်"လို့ ပြောတော့

ခင်ပွန်းဖြစ်သူ ပြန်ဖြေတာက

"ရှိတာပေါ့ကွ ...ငါမနက်စာ စားရဦးမယ်လေ" တဲ့။




မမျှော်လင့်နဲ့
ဆေးလိပ်၊အရက်၊မိန်းမကင်းရှင်းသောသူအလိုရှိသည် ဟု
အပျိုကြီးတစ်ယောက်သတင်းစာထဲတွင်ကြေညာထည့်သည်။
တစ်ကိုယ်လုံးအရက်နံ့ထွက်နေပြီး လက်ထဲတွင်စီးကရက်ကိုင်ထားသောလူတစ်ယောက်ရောက်လာသည်
အပျိုကြီးကမေးသည် ''ဘာကိစ္စလဲ'' ''သတင်းစာထဲမှာကြေညာထားတဲ့ကိစ္စ''
''ဪ ရှင်အရက်မသောက်တတ်ဘူးလား'' ''မိုးလင်းမိုးချုပ် တစ်နေကုန်သောက်တယ်''
''ဆေးလိပ်တော့မသောက်ဘူးမလား'' ''ဘယ်ကသာ သောက်တာမှ မီးခိုးခေါင်းတိုင်လိုပဲ တနေ့ငါးဘူးလောက်ကုန်တယ်''
''ဒါဖြင့်မိန်းမတော့ကင်းရှင်းတယ်ဟုတ်'' ''ပေါက်ပေါက်ရှာရှာ မိန်းမဆို ပျိုပျို အိုအို လာထားပဲ''
''ဟွမ် ဒါဆိုရှင်ဘာလာလုပ်တာလဲ''
''ခင်ဗျားကျုပ်ကိုလုံးဝမမျှော်လင့်နဲ့လို့လာပြောတာ''

No comments :