ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

သုတေသန


မမရဲ့အင်းကျီကိုချွတ်လိုက်
မမရဲ့ စကပ်ကိုလဲချွတ်
မမရဲ့ ဘရာစီရာကိုလဲချွတ်လိုက်
မမရဲ့ အတွင်းခံဘောင်းဘီပါချွတ်......
............................
...........................
နောက်မှတ်ထား မမရဲ့ အဝတ်အစားတွေကိုယူမဆော့နဲ့





သုတေသန
အမေရိကနှ်သုတေသီတို့ အမေရိကန်နိုင်ငံမှ မြေကြီးကိုတူးသည်
၁၀ပေ ရောက်သောအခါကြေးနန်းကြိုးစကိုတွေ့သည်
အမေရိကန်နိုင်ငံသည် လွန်ခဲ့သောနှစ်တစ်ရာ ကတည်းကကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။
ဂျပန်သုတေသီတို့ ဂျပန်နိုင်ငံမှ မြေကြီးကိုတူးသည်
၅ပေ ရောက်သောအခါကြေးနန်းကြိုးစကိုတွေ့သည်
ဂျပန်နိုင်ငံသည် လွန်ခဲ့သောနှစ်ငါးဆယ် ကတည်းကကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။
မြန်မာသုတေသီတို့ မြန်မာနိုင်ငံမှ မြေကြီးကိုတူးသည်
၅ပေ ဘာမှမတွေ့၊ ၁၀ပေ ဘာမှမရှိ၊၁၅ပေ မတွေ့
မြန်မာနိုင်ငံသည်လွန်ခဲ့သောနှစ်တစ်ရာ့ငါးဆယ် ကတည်းက Wireless ဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။



လူတစ်ယောက်က အိတ်ကြီးနှစ်အိတ်ကို စက်ဘီးပေါ်တင်လာတာတွေ့ တော့ နယ်စပ် ဖြတ်ကျော် ဂိတ်က ရဲက အိတ်ထဲ မှာ ဘာတွေ ပါလဲ လို့ မေးလိုက်ပါတယ်။ ဒါနဲ့ စက်ဘီးသမားက သဲတွေလို့ ဖြေတာနဲ့စစ်ကြည့် တော့လည်း သဲကလွဲရင် ဘာမှမတွေ့ပါဘူး။

ဒီလိုနဲ့ စက်ဘီးသမား က နေ့တိုင်းပဲ သဲအိတ်တွေ တင်ပြီး ဖြတ်နေတာ ကို ရဲက တစ်ခုခုကို မှောင်ခိုကုန်ကူးနေမှန်း သိပေမယ့် လက်ဆုပ်လက် ကိုင်ပြလို့မရဖြစ်နေပါတယ်။ ခြောက်လလောက်ရှိလာတော့ မနေနိုင်တဲ့ အဆုံးဖွင့်မေးပါတယ်။

"မင်းတစ်ခုခုကိုမှောင်ခိုလုပ်နေတယ်ဆိုတာတော့ ငါသိတယ်။ဒါပေမယ့် ဘာမှန်းမသိဘူးဖြစ်နေတယ်။ ငါ့ကို အမှန်အတိုင်းပြော..ငါမင်းကို မဖမ်း ဘူး" ဆိုပြီးမေးတော့ အဲဒီ လူပြန်ဖြေတာက "ကျွန်တော်ကစက်ဘီးတွေ မှောင်ခိုသွင်းနေတာပါ"တဲ့

No comments :