ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...
သတိရပေးပါ
မနေချင်လို့ထွက်သွားပေမယ့်
နေခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရပေးပါ...
မချစ်ချင်လို့ မေ့သွားပေမယ့်
ချစ်ခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရပေးပါ...
မဆုံချင်လို့ လမ်းခွဲသွားပေမယ့်
ဆုံခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရပေးပါ...
အကြောင်းကြောင်း ကြောင့်ဖြစ်စေ
တိုက်ဆိုင်မှု ကြောင့်ဖြစ်စေ
အမှတ်တမဲ့လေး ကြောင့်ဖြစ်စေ
တချိန်က ရင်ခုန်ခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရသွားရင် ဆိုရင်ပဲ
ကျေနပ်လိုက်ပါမယ်.....ချစ်သူရယ်။
>>>
ကိုလူပျို (ဗလုံ)
No comments :
Post a Comment