ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

အယူခံအချစ်

တစ်နှစ်ကူးပြီမို့ ပုရစ်ဖူးတွေဝေပြီလေ ဟို...ဒီအတွေးစတွေနဲ့ ဝေးခဲ့တာတောင် ကြာပြီပေါ့ မေ့မရတဲ့ သံယောဇဉ် နှောင်ကြိုးတွေကြောင့် မလွဲသာ ခွဲခွာလာရပေမဲ့ အရိပ်ပမာ စိုးမိုး မင်းရဲ့ အကြင်နာမိုးစက်တွေ ခန်းခြောက်မှာစိုး သစ္စာကို သက်သေတည် မျက်ရည်ကို သက်သေပြ အကြင်နာကို ရှေ့နေထား မေတ္တာကို တိုင်တည် ဒီဘဝမှာ ခုံရုံးတစ်ခု ချစ်မုန်းပြိုင်ပွဲ တရားခွင် ကံကြမ္မာ တရားရှင်က နှလုံးသားကို တရားခံအဖြစ်နဲ့ "အရှုံးသမားလို့" ဆုံးဖြတ်လိုက်တာက မျှတမှု ရှိကြသေးရဲ့လား.......ဗျာ။ ။ ဖိုးသင်္ကြန်

No comments :