ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

♦ နတ်သမီးပုံပြင် ♦


♦ နတ်သမီးပုံပြင် ♦

ကျွန်တော်ငယ်ငယ်က ပုံပြင်လေးတစ်ပုဒ်ဖတ်ဖူးတယ် ...ပုံပြင်ထဲမှာ ဆင်းရဲတဲ့ ကောင်လေးကကောင်မလေးတစ်ယောက်ကို ချစ်ရေးဆိုခဲ့တယ်
ကောင်လေးကောင်မလေးကို တကယ်ပဲမြတ်မြတ်နိုးနိုးချစ်ခဲ့ပေမယ့်
ကောင်မလေးကတော့ ကောင်လေးကို မချစ်ခဲ့ပါဘူး .... မချစ်ခဲ့တဲ့အပြင်
ကောင်လေးကိုစကားတစ်ခွန်းပြောခဲ့ပါတယ် ...အဲတာကတော့ "ကြွေသွားတဲ့ကြယ်လေးကိုရှာပေးနိုင်ရင် ပြန်ချစ်မယ် " ဆိုတဲ့စကားပါပဲ
သူတို့ရဲ့အယူဆ တစ်ခုက ကြွေသွားတဲ့ကြယ်လေးတွေရဲ့ အဆုံးမှာ နတ်သမီး တစ်ပါး ရှိနေတတ်တယ်လို့ ယုံကြည်ကြတာပါပဲ ... မဖြစ်နိုင်မှန်းသိပေမယ့် ကောင်လေးဟာ ကောင်မလေးကို ချစ်လွန်းတဲ့ အတွက် လက်ခံပြီး သူ့ရဲ့ ကြယ်ရှာပုံတော် ခရီးကို စတင်ခဲ့ပါတယ် ... ကောင်လေးဟာ နေ့ဘက်ကို အိပ်ပြီးတော့ ညဘက်မှာ ကြယ်တွေကြွေတာမြင်တိုင်း တစ်ကောက်ကောက် နဲ့ လိုက်ပြီးတော့ ကျလောက်မယ့်နေရာကို လိုက်ပြီးရှာခဲ့ပါတယ် ... သူ ဥက္ကာခဲ့ အပိုင်းအစတွေ အများကြီးတွေ့ခဲ့ပေမယ့် ... သူရှာနေတဲ့ နတ်သမီး ကိုတော့ အရိပ်ယောင်မျှတောင် မတွေ့ခဲ့ပါဘူး ... ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့ချစ်ခြင်းမေတ္တာကြီးမားလွန်းတဲ့အတွက် ကြယ်ကြွေပြုတ်ကျတဲ့ နေရာမှာ သတိလစ်မေ့မြောနေတဲ့ နတ်သမီးလေး တစ်ပါးကို တွေ့ခဲ့ပါတယ် ... သူဟာ ၀မ်းသာစွာနဲ့ နတ်သမီးလေးကို ဖမ်းဆီးချုပ်နှောင်လိုက်ပါတယ် ... နတ်သမီး လေးဟာအရမ်းကို ချောမောလှပပေမယ့် သူ့ရင်ထဲက သစ္စာတရားက သူ့ချစ် ရတဲ့ ကောင်မလေးဆီမှာပဲရှိနေခဲ့ပါတယ် ... ဒါကြောင့် သူ့ခေါ်လာတဲ့လမ်းမှာ နတ်သမီးလေးက သူ့ကိုမေးခဲ့ပါတယ် ... "မင်းငါ့ကို ဘာကြောင့်ဖမ်းခေါ် လာ ရတာလဲ " လို့မေးတဲ့အခါမှာ ကောင်လေးက "ငါ့ရဲ့ချစ်သူကို လက်ဆောင် အဖြစ်ပေးဖို့အတွက်ပါ " လို့ပြန်ဖြေတဲ့ အခါမှာ နတ်သမီးလေးက " မင်းရဲ့ ကောင်မလေးက ငါ့လောက်ချောရဲ့လား " လို့ မေးလိုက်တယ် ... တကယ် တော့ လူသားဖြစ်တဲ့ကောင်မလေးတွေ ဘယ်လောက်ပဲချောမောပါစေ ... နတ်သမီးလေးကိုတော့ ဘယ်မှီပါ့မလဲ ... ဒါပေမယ့်ကောင်လေးက ... " ငါ့ရဲ့ ကောင်မလေးကို မင်းဘယ်မှီပါ့မလဲ သူက ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရ အောင်ကို ငါ့အတွက်ထူးဆန်းတဲ့ မိန်းခလေးပဲ"လို့ပြန်ပြောခဲ့တယ်...နတ်သမီး လေးက " မင်းဟာ သိပ်ကို ဇွဲကောင်းပြီး သစ္စာရှိတဲ့ ကောင်လေးပါပဲ ... နောက်ပြီး မင်းဟာ မင်းရဲ့အချစ်ကို အရမ်းသက်သေပြတတ်တာပဲ ... မင်းရဲ့ ကောင်မလေးကရော မင်းကိုချစ်တဲ့အချစ်ကို ဘယ်လိုပုံ မျိုးနဲ့ သက်သေ ပြခဲ့ ဖူးသလဲ" လို့မေးခဲ့ပါတယ် ...

(တကယ့်ပုံပြင်လေးကတော့ မပြီးသေးပါဘူး ... ဒါပေမယ့် ကျွန်တော့်ရဲ့ ပုံပြင်လေးကတော့ ပြီးသွားခဲ့ပါပြီ ) ... သင့်ရဲ့ဘ၀ မှာ လူတစ်ယောက်ကို ချစ်ခဲ့ဖူးမှာပါ ... ကျွန်တော်တို့တွေက ကျွန်တော်တို့ ဘ၀ မှာချစ်ခဲ့ဖူး တဲ့ သူတွေက ကိုယ့်အပေါ်ကိုမကောင်းခဲ့ဖူးလို့ထင်ကောင်းထင်ခဲ့ မိကြမှာပါ ... ဒါဆိုရင်ကျွန်တော့် တစ်ခုမေးပါရစေ ... ခင်ဗျားရောကိုယ့်ချစ်သူ အပေါ် ဘယ်လောက်တောင် ပေးဆပ်ခဲ့ပါသလဲ ... ပေးဆပ်ခဲ့တာတွေကို သူကရော အသိမှတ်ပြု ခဲ့ရဲ့လား ... သူရဲ့အချစ်တွေကိုရော သူဘယ်လိုမျိုး သက်သေ ပြခဲ့ပါသလဲ ...

ကိုယ့်ကိုတကယ်ချစ်တဲ့ ချစ်သူနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဘ၀ တစ်ခုကို တည်ဆောက်နိုင်ပါစေ ...

*နက်ရှိုင်း ( #အမှတ်တရကဗျာ )

No comments :