ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

ဘယ်ကပဲလာလာ

သဘောဖြူရင်..…. အားလုံးဟာ..အတူတူ
ရေဆိုတဲ့…အရာ…
ဘယ်ကဘဲ လာလာ..
အရသာမှာအတူတူ ပါပဲ…
ရေဆာတဲ့ အာသာကိုပျောက်..
ဝမ်းမြောက်မှူ ကို ဖြစ်စေ..

မိုးပေါ်ကရွာရွာ…
မြေကြီးထဲက ဘဲ လာလာ
မြစ် ထဲ က ဘဲ စီးဆင်း စီးဆင်း
ရေချင်း မှာတော့ အတူတူပါ ပဲ..
အညစ်မြူ ကို..ဆေးကြော
အဖြူ သဘောကို ရောက် နိုင်စေတယ်

အချစ် ဆို တဲ့အရာ…ဘယ်ကဘဲ လာလာ..
အရသာမှာအတူတူ ပါပဲ…
ကြီး တယ် ငယ် တယ် မခွဲခြား…
အကြင်နာများဘဲ.လိုအပ်ပါတယ်

အသားရယ်ပဲဖြူ ဖြူ…
အယူပဲ လွဲလွဲ
ဘယ် အရပ် ကဘဲ လာလာ
အချစ် မှာတော့ အတူတူပါ ပဲ..
ဘ၀လမ်းမှာ အတူတူ တွဲ..
သဘောဖြူ ဖို့ ဘဲ လိုအပ်တယ်

မသဒ္ဓါ

No comments :