ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

မညီးညူတဲ့အချစ်

နွေအခါ လေလာလို့ 
ကြွေလာတဲ့ ရွက်ဝါကို
မြင်လို့ ပဲဖြစ်ဖြစ် ။

မိုးအခါ မိုးရွာလို့ 
ကျလာတဲ့ မိုးရေကို
မြင်လို့ ပဲဖြစ်ဖြစ်။

ဆောင်းအခါ မြောက်လေမှာ
ဝေ့လာတဲ့ မြူငွေ့ ကို
မြင်လိုပဲဖြစ်ဖြစ်။

နှစ်သစ် နဲ့ နှစ်ဟောင်း
ခညောင်းလို့  တိုက်ဆိုင် ခဲ့ရင်
အကြိမ်တစ်ရာ မဟုတ်တောင်
တစ်ကြိမ် တစ်ခါတော့
သတိရနေပါ...............ချစ်သူ။

နှင်းအောင်



http://dayinkauk-the-poet.blogspot.com/

No comments :