သူငယ်ချင်းတွေလည်းရေးကြတယ် အချစ်ဆိုတာ…..
နာကျင်စရာတွေပေးတတ်သလို…တခါတရံ နွေးထွေးတယ်တဲ့
ကဗျာတွေလည်း ဖတ်ဖူးတယ် အချစ်ဆိုတာ ကောင်းကင်ကြီးလိုကျယ်ပြောတယ်တဲ့…….
သီချင်းထဲမှာတော့ အချစ်ဆိုတာ ကြည်နှုးတဲ့အခိုက်လမင်းတရာတဲ့..ကြေကွဲကြတော့ နေမင်းကုဠေကုဠာတဲ့….
လွယ်တာကိုခက်အောင်လုပ်တယ်….
ရှင်းနေတာကို ရှုပ်အောင်လုပ်တယ်…..
တွေ့နိုင်တာကို ဝေးအောင် ရှောင်တယ်……
မင်းကို…..စိတ်ကုန်လောက်အောင်..ချစ်နေမိတော့…..
ချစ်နေတာကိုတော့ မုန်းအောင်မလုပ်ပါနဲ့…….
တောင်းပန်ပါတယ်………….
No comments :
Post a Comment