ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

အညာနွေ

ရွက်ဟောင်း ကြွေကာ
ရွက်သစ် ဝေပြီး
နှင်းမှုန် ကွယ်ပျောက်
မြူတွေ ဆိုင်းတဲ့
ဒီအညာနွေ
ဥသြ တွန်ကြူး
လေဗွေရူးနဲ့ 
လွမ်းဖွယ်ကောင်းပြီး
ခေါင်းလောင်းသံပျောက်
ကျောင်းကြီးပိတ်တဲ့
အညာနွေ
ကျောင်းသွားငယ်ဖော်
စနောက် ရာမဲ့
ချစ်ဦးသူနဲ့ 
ခွဲနေရပြီး
အလွမ်းဝေတဲ့
ဒီအညာနွေ....။

ထွန်းလေး(နွားထိုးကြီး)

No comments :