ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

ခေါင်းမာသောမြင်း

အလွန်နာမည်ကြီးသော စာရေးဆရာတစ်ယောက်ရူးသွားသည်။ သို့သော် ယခု သူပြန်လည်ကောင်းမွန်လာမည့်မျှော်လင့်ချက်များ ရှိနေဟန်တူသည်။ သူ့အခန်းထဲမှ လက်နှိပ်စက်တွင် ထိုင်ပြီး ၀တ္ထုတစ်ပုဒ်ရိုက်နှိပ်နေသည်။ ၃ လကြာပြီးနောက် ၀တ္ထုပြီးစီးသွားကြောင်း ကြေငြာပြီး ၄င်းကို စိတ်ရောဂါအထူးကုဆရာဝန်ကြီးထံ ယူဆောင်သွားသည်။ ဆရာဝန်ကြီးက ယူ၍ဖတ်ကြည့်သည်။ “ဂျင်နရယ်ဂျုန်းသည် သူ၏မြင်းကြီးပေါ်သို့ ခုန်တက်ပြီး အော်လိုက်သည်။ “သွားစမ်း၊ သွားစမ်း၊ သွားစမ်း၊ သွားစမ်း .... ” စာမျက်နှာအားလုံးကိုလှန်ကြည့်ပြီးနောက် ဆရာဝန်က “ဘယ်နှယ့် စာမျက်နှာအားလုံးမှာ သွားစမ်း သွားစမ်းတွေကလွဲပြီး ဘာမှ မရှိပါလား၊” စာရေးဆရာက ပြန်ပြောသည်။ “ဟုတ်တယ်၊ ဒီမြင်းက ခေါင်းမာတယ်”

No comments :