ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

လူကြီးစီး

တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ…. ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့….. ကလောရောက်တော့ နှစ်ညအိပ်တယ်... နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့ မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ… ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ.. ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင် အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ၀ုန်းကနဲ ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း… အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင် နိုင်ငံခြားသားကမေးလိုက်တယ်… Are u crazy? အာ ယူ ကလေးစီး… တဲ့.... ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလိုလာပွားတော့ တင်းသွားပြီး This is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြော ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ၀ူး…. ကနဲနိုးသွားပြီးလိုရာခရီးကိုဆက်သွား ခဲ့ရတယ်လေ…. အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း လူကြီးစီး.......လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ

No comments :