အတူဆုံ
တစ်အူတုံ တကယ်မဆင်းကြပေမယ့်
သူငယ်ချင်းဘဝနဲ့
ငယ်စာရင်းက အတန်းဖော်
ပြန်မလွမ်းပြီလား
ကျောင်းခန်းမှာ စာအတူသင်
ကျောင်းပြင်မှာ စာအတူကျက်
ရည်ရွယ်ချက်တွေ အစပျိုးရင်း
ဘဝပျိုးခင်းဆိုတဲ့ သည်ကျောင်းတော်.....
သည်ကျောင်းမှာ ဘဝကို စ
သည်ကျောင်းမှာ ဘဝ ကို ထုဆစ်
နုမျစ်သူတွေ ပုံလောင်း
လောကရဲ့ ကောင်းကျိုး
အကောင်းအဆိုး ဓမ္မ အဓမ္မ ဝေခွဲ
အနေရဲစို့ မှန်းရည်မျှော်
တစ်လမ်းစီနော် ..
(ကြီးတော့) တို့တစ်တွေကွဲ....။
No comments :
Post a Comment