ပုလဲလိုစိတ်ထား
ပတ္တမြားလို ကိုယ်ကျင့်တရား
သန္တာလို သွားတန်းများ
မဟူရာလို ကေသာများ
စင်ရော်လို မျက်ခုံးများ
သမင်လို မျက်ဝန်းများ
ယမင်းရွှေစင်လို ခန္စာအချိုးအစား
ဘယ်ပန်းချီမှ ရေးလို့မမှီပြီတကား....
ဒါပေမယ့်
မင်းနှလုံးသားက
ကျောက်စိမ်းလို စိမ်းကားတတ်သလား..........။
No comments :
Post a Comment