ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

အမေအမှတ်တရ

အမေရဲ့ မေတ္တာရိပ်နှင့်လွဲခဲ့ရတဲ့ အိမ်ဝေးသူဘ၀မို့ အမေမေတ္တာကိုတမ်းတ အမေ့ကိုလွမ်းရလွန်းလို့ နှလုံးသားရဲ့ ”ပဲ့ကြွေသံ ”ကို အမေကြားသိခဲ့ရင် ဘယ်လိုနေရှာမလဲ။ နုနယ်သေးတဲ့အတွေး ၊ မရင့်ကျက်သေးတဲ့ အသိတရား ၊ မတည်ငြိမ်သေးတဲ့နှလုံးသားနဲ့ အဆုံးအစမဲ့တဲ့လောကရဲ့လမ်း လျှောက်လှမ်းရတာ မောပန်းလို့ နွမ်းလျပါပြီ။ ဒဏ်ရာများနဲ့ ရင်မှာမွန်းကျပ် အိပ်မရတဲ့ညများစွာထဲ လပြည့်ဝန်းအမေ့မျက်နှာ ပြန်မြင်ယောင်ရင်း အမေ့ပုခက်လွဲ သီချင်းတွေပြန်တမ်းတ အမေ့ရဲ့ အိပ်ယာဝင် ပုံပြင်ဟောင်းတွေ လွမ်းတတ်ခဲ့ပြီအမေ။
မျှော်လင့်ခြင်းများနဲ့ တမ်းတခဲ့တဲ့ အိပ်မက်တွေမက် ၊ ယုံကြည်ချက်လမ်းမထက်မှာ ယောင်လည်လည်နဲ့ ရက်စက်တဲ့နေ့ရက်များအလယ် ၊ တိုင်တည်စရာကင်းမဲ့လို့ အားငယ်ခြင်းတွေရောထွေး ၊ အမေ့ရဲ့ မေတ္တာရိပ်နှင့်ဝေးခဲ့ရမှ အရာရာကိုနားလည် ၊ တကယ်ဆို အမေရယ် အေးမြတဲ့အမေ့အရိပ် ၊ ငြိမ်းချမ်းတဲ့အမေ့ရဲ့ ရင်ခွင်လို ဘယ်အရာမှ နွေးထွေးလုံခြုံမှုမရှိပါလားဆိုတာ သိလိုက်ရတဲ့အချိန်မှာ အဝေးရောက်နောင်တ နှလုံးသားတို့ “ပဲ့ကြွေ”နေပါပြီအမေ။

No comments :