ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

•• နှလုံးသား သံစဉ် ••


•• နှလုံးသား သံစဉ် ••

လုပ်ချင်ရာကိုဇွတ်လုပ်တတ်ပြီး
ပြန်လာတောင်းပန်တတ်တဲ့သူ့ကို
ကျွန်တော် အရမ်းချစ်ပါတယ် ...

လူကြီးတစ်ယောက်လိုအမြဲဆုံးမတတ်ပြီး
ကလေးတစ်ယောက်လို စိတ်ကောက်တတ်တဲ့သူ့ကို
ကျွန်တော်အရမ်းချစ်တယ် ...

အားငယ်တဲ့အခါအမြဲအားပေးတတ်ပြီး
"အမြဲတမ်းတစ်ယောက်တည်းကိုပဲချစ်သွားပါမယ်လို့"
ပြောတတ်တဲ့သူ့ကို ကျွန်တော်အရမ်းချစ်တယ် ...

ပျော်ရွှင်မှုတွေနဲ့ကြုံတဲ့အခါအတူတူ ပျော်ရွှင်ပေးပြီး
အခက်ခဲတွေနဲ့ကြုံတဲ့အခါ သူ့ရဲ့အခက်ခဲတစ်ခုလို
တွေးပူပေးတတ်တဲ့သူ့ကို
ကျွန်တော်အရမ်းချစ်ပါတယ် ...

အမြဲတိုင်းနားလည်မှုလေးနဲ့
နံဘေးမှာရပ်တည်ပေးတတ်တဲ့သူကို
ကျွန်တော်အရမ်းချစ်ပါတယ်...

တကယ်တော့ ...
တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်မိသွားခဲ့ရင်
နားလည်မှုဆိုတာကလဲ သူ့အလိုလို
သံစဉ်တွေ ညီသွားတတ်ပါတယ်... ... ။

နက်ရှိုင်း ( #အမှတ်တရကဗျာ )

No comments :