ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

အမေ သို့ အဝေးရောက်သားမှ ပေးပို့ သောစာ

အမေသို့  အဝေးရာက်သားမှ ပေးပို့ သောစာ အမေ တဲ့ စကား လုံး က နှစ် လုံး တည်း ဆို ပေ မယ့် အဓိပါယ် က တော့ အလေးနက် ဆုံး ပေါ့ ...

 အမေ ဆို တာ လူတိုင်း မှာ ရှိ ကြ ပါ တယ်... အမေ ရဲ့ မေတ္တာ တွေ ကို ဘယ် သူတွေ ကျေ
 အောင်

 ဆပ် နှိင် ခဲ့ ကြ ပါ သ လဲ .... ကျွန်တော့် ရဲ့  ရင် ထဲံ မှာ တော့ အမေ ပာာ ကျွန်တော်

ဘ၀ ထဲ က

အမြဲ လင်း လက် နေ တဲ့ လမင်း ကြီး တစ် ဆင်း ပါ ပဲ အမေ ရယ် ....
 မှောင် မှိက် တဲ့ သား ရဲ့ ညတွေ မှာ

အမေ့ ရဲ အားပေးမှု တွေ ဆို ဆုံး မ ခြင်း တွေ ပာာ သား

အတွက် တော့ လမင်း ကြီး တစ် စင်း

လင်းလတ် နေ သ လို ပါ ပဲ အမေ ၇ယ်...
.အေးမြ နေ တဲ့ အမေ ရဲ့  မေတ္တာ ရိပ် က သားအတွက်
 တော့ အခြားအရာ တွေ နဲ့  နှိုင်း ယှဉ် လို့ 

မ ရ လောက် အောင် ကို နက် ရှိုင်း နေ ပါ ပြီ ... 

 အမေ သား ကို မွေး ဖွား ပေး ခဲ့ တာ အခု ဆို ၂၃ နှစ် တိုင် ခဲ့ ပါ ပြီ အမေ... 

 ရုတ်တရက် အမေ ပြောဖူးတဲ့ စကားလေး တစ်ခွန်းကို အမှတ်ရမိတယ်။

“သားရယ်…

 သားကို မမွေးဖွားခင် ညတုန်းကတော့ အလူးအလဲ ခံစားရတာပေါ့၊
 နောက်နေ့မနက်မှာ
 သားကို မွေးလည်းပြီးရော အမေ ခံစားခဲ့ရတာတွေက ဘယ်ရောက်သွား

မှန်းကို မသိဘူး”။

အဲဒီအချိန်က အမေ ပြုံးပြီးတော့ ပြောခဲ့တာပါ။ သားကို ဘယ်တော့မှ မမေ့အပ်စေတဲ့
 စကားလေး

တစ်ခွန်းပါ အမေ။ သား ဒီနေ့အချိန်မှာ ရပ်တည်နေထိုင်နိုင်တာဟာ အမေ့ ကျေးဇူးတွေ
 ကြောင့်ပါပဲ ။အမေ။
အမေဆိုတာ သားသမီး တွေကို မြတ်နိုးတတ်သော စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးကို ခေါ်တာပါပဲ အမေ။


အဲဒီ မြတ်နိုးတဲ့ စိတ်မှာ တစ်စုံတစ်ခုသော ကိလေသာ မပါ ပါဘူး။ သားတွေကို ပညာတတ်ဖြစ်ပြီး


တင့်တယ်စေချင်ခဲ့တဲ့ အမေ့ရဲ့ စေတနာ၊ မေတ္တာကို အခုအချိန်မှာ ပိုပြီး နားလည်ခဲ့ရပါတယ်။
 ၊
 သားတို့ ပညာတတ်အောင် ကြိုးစားကြ၊ ပညာမတတ်ရင် ပင်ပန်းဆင်းရဲကြလိမ့်မယ်လို့ ပြောခဲ့တဲ့

စကားသံတွေဟာ

သားတို့အပေါ်ထားတဲ့ မေတ္တာစိတ် တစ်ခုတည်းကြောင့် ဆိုတာ သား သိခဲ့ရပါတယ်။


အဲဒီပုံရိပ်လေးတွေက သားတို့ အတွက် မေ့ဖျောက်ထားလို့ မရခဲ့ပါဘူး အမေ။ အခုအချိန်ထိ သား

ဘ၀ရဲ့
 ရလာတဲ့ အောင်မြင်မှုတွေဟာ အမေ့ ကျေးဇူးတွေကြောင့်ပါ။
အမေ။ သားတို့ အတွက်
 လောကဓံတွေကို အန်တုခဲ့ရတာတွေ၊ မျက်ရည်ကျခဲ့ရတာတွေဟာ သားတို့ကို

အမေ ပေးခဲ့တဲ့

ခွန်အားတွေပဲပေါ့။ အခုဆိုရင် အမေ အသက်က ၅၃ ပြည့်တော့မယ်။ ရုန်းကန်ခဲ့ရတဲ့

ဘ၀က
 ကြမ်းတမ်းခဲ့တာကြောင့် အမေ့မှာ ဝေဒနာတွေ မကြာခဏ ခံစားနေရတာလည်း သားသိပါတယ်

အမေ ရယ်...
 ဖြစ် နှိင် ရင် အဲ့ ဒီ ဝေဒနာ တွေ ကို သား သာ ခံ လိုက် ချင် ပါ တယ် အမေ ရယ်...... အမေ...


ဘ၀ မှာနှိုင်းယှဉ်လို့မရတာ ဟာ အမေ ပါ.. သာသမီးတွေကို ဘယ်လောက်ထိချစ်လဲ........ဆိုရင်

ကိုယ့်ရဲ့အသက်ကိုတောင်

တစ်ဝက်ပေးထားတဲ့ ............ တန်ဖိုးရှိတဲ့အမေ.....
ကျွန်တော်လည်း
ကျွန်တော့်အမေကို အရမ်းသတိရအရမ်းလွမ်းတာပေါ့ဗျာ.... ဒါပေမယ့်အမေနဲ့ 
ကျွန်တော်က

ပြည်ခြား..နယ်ခြားနေတယ်လေ.... အမေအခုချိန်ဆို ဘာတွေလုပ်နေမလဲ....? အမေနေများကောင်းရဲ့ လား...? ...အစစအရာအရာ အားလုံးပေါ့... သတိရ စိုးရိမ်ပူပန်နေမိတယ်...

ကျွန်တော်တို့ ဒီမှာ ...သူများတွေဆို မိမိရဲ့ မွေးသမိခင်ကျေးဇူးရှင်(အမေ) နဲ့  အပြင်မှာသွားလည်ကြ ...

စားကြ...သောက်ကြနဲ့ ပျော်ရွှင်ကြည်နူးပုံများဟာ...ကျွန်တော့်ရဲ့ မျက်စိ...နား ကနေတဆင့်

စိတ်ထဲသို့ ဝင်လာကာ...
ကျွန်တော်အလွန်ပင်ဝမ်းနည်းပြီး...အမေကိုအရမ်းသတိရမိတယ်ဗျာ...
 အမေ့ဆီကိုဖုန်းဆက်လိုက်ရင်အမေ

ခမျာ...ကိုယ့်သားဆီကဖုန်းလာတယ်ဆိုတာနဲ့ အမေ့အသံကနေ

အမေ ၀မ်းသာနေတယ်ဆိုတာသိရတယ်...
နောက်ပြီးကိုယ့်သားကို ကျန်းမာရေး..
အစားအသောက်... အသွားအလာ...မှာလိုက်တာများကြီးပဲဗျာ...
အဲ့လို မှာပုံ..မှာသံတွေကို
 ကြားရင်လေ.. ကျွန်တော်အရမ်းကိုသတိရ

ဝမ်းနည်းမ်တယ်ဗျာ....ဘယ်အသက်အရွယ်ပဲ ရောက်လာပါစေ..
မိဘတိုင်းဟာ သူ့ တို့ ရဲ့ မျက်လုံးစုံမှာရော...
စိတ်ထဲမှာပါ ကိုယ့်သား သမီး

ဟာအမြဲတမ်းပူတူးတူးလေးလို့  ပဲထင်နေတတ်ကျပါတယ်...
ဘာလို့ လဲဆိုတော့ချစ်တာကိုး ဗျ........

ဒါတွေကိုကျွန်တော်မသိခဲ့ဘူး.... အဝေးရောက်မှသိခဲ့တယ်...အဲ့ဒီ့အတွက်အရမ်းပဲ နောင်တရ...
ဝမ်းနည်းမိတယ်ဗျာ....မိခင်တိုင်းရဲ့ ကျေးဇူးဟာ မြင့်မိုရ်တောင်ထက်မကကြီးမားလှသည်

လူတိုင်းသိပြီးသားဖြစ်ကြမှာပါ....ကဲဒီတော့...
 ယနေ့ လိုအမှတ်တရနေ့ တစ်နေ့ ဖြစ်တဲ့ ...မွေးသမိခင်ကျေးဇူးရှင်များနေ့ (အမေများနေ့ )လေးမှာ

 သူငယ်ချင်းတို့ လည်း မိမိရဲ့ မွေးသမိခင်ကျေးဇူးရှင်ကို အမှတ်တရလက်ဆောင်လေး နဲ့ 

အမှတ်တရစကားလေးများပြောကြားရင်း...မိမိငယ်စဉ်ကပြောမှားဆိုမှားများရှိခဲ့သော်


ခွင့်လွှတ်ပေးရန်တောင်းဆိုပြီး... ဦးသုံးကြိမ်ချပြီး ကန်တော့ဖို့ မမေ့ကျနဲ့ အုံးနော်....... 


 ကျွန်တော်လည်းကျွန်တော့်အမေကို ဤယနေ့ ခေတ်ေ၇ပန်းစားနေသော Internet(အင်တာနက်) မှ 

 ကျွန်တော့်ရဲ့ စိတ်နှလုံးသားရှိသတိရ...အမှတ်ရ...တောင်းပန်စာလေးကို မေမေ့ဆီသို့ ပေးဖို့ လိုက်ပါတယ်နော်... 

“မေမေ သားလေမေမေ့ကို

အရမ်းသတိရတာပဲဗျာ....မေမေ နေကောင်းရဲ့ လားလို့ လဲအမြဲတမ်းစိတ်ပူသတိရမိတယ်...
 နိုင်ငံရပ်ခြားရောက်မှပဲ

မိခင်ရဲ့ မေတ္တာရိပ်မည်မျှကြီးမားတယ်ဆိုတာကို ပိုမိုနားလည်လာခဲ့တယ်.. .မေမေ

သားကိုဘယ်လောက်ချစ်တယ်ဆိုတာ

သားနားလည်ပါတယ်....သားအရင်က ပြောမှားဆိုမှားတာတွေ.
 .မေမေ့ကိုစိတ်ပူအောင်လုပ်ခဲ့မိတာတွေရှိခဲ့ရင်..
.နောက်ပြီး....၀မ်းနည်းအောင်လုပ်ခဲ့မိရင် သားကိုခွင့်လွှတ်ပါလို့ 
 ဤ Interner(Online) ပေါ်ကနေရှိခိုးတောင်းပန်

ကန်တော့လိုက်ပါတယ်နော် မေမေ...တကယ်ဆိုသားလေ..
 .မေမေ့ရဲ့ ခြေစုံကို

သားရဲ့ ဦးခေါင်းနဲ့ ထိပြီးကန်တော့ချင်တာပါ...ဒါပေမယ့်...မေမေနဲ့ သားနိုင်ငံရပ်ခြားနေခြင်း
ကြောင့်

 သားဒီကနေပဲကန်တော့လိုက်ပါတယ်နော်...မေမေ...... 

 မေမေ လည်း ဒီနေ့ ဒီရက်လေးကစပြီး

စိတ်၏ချမ်းသာခြင်း....ကိုယ်၏ကျန်းမာခြင်း

များနဲ့ ပြည့်စုံပါစေလို့  သားဆုတောင်းပေးလိုက်ပါတယ်နော်......
မေမေ.... (အမေများနေ့ )

မှာပျော်ရွှင်ခြင်းများနဲ့ ပြည့်နှက်ပါစေလို့ သားဆုတောင်းလိုက်ပါတယ်နော်..... 

 P.S...အမေများနေ့ မှာသား မေမေ့ကိုပြောချင်တဲ့ အမှတ်တ၇ စကားလေးကတော့.....“မေမေ့ကို

သားလေ

အရမ်းချစ်တယ်.....မေမေ” မွေးသမိခင်ကျေးဇူးရှင်များရဲ့ နေ့ ဖြစ်သော အမေများနေ့ မှာ ကမ္ဘာတစ်ဝှမ်းလုံး ရှိ မိခင်များလည်း စိတ်၏ချမ်းသာခြင်း..ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နော်........... ပြည့်တန်ဆာ အမေလည်း အမေ။ အကြွေးကြွယ်လှတဲ့ ဈေးသည်မ အမေလည်း အမေ။ အကြောင်းတရား အခြေမွဲ သူတောင်းစား အမေလည်း အမေ။

No comments :