အလွမ်းဝင်္ကဘာထဲမှာ
တ၀ဲတလည်လည်နဲ့
ထွက်ပေါက်ပျောက်နေတဲ့ ကောင်မလေးရေ …..
ကျေးဇူးပြုပြီး အလွမ်းတွေကြားမှာပဲ
နစ်မြုပ်မနေပါနဲ့တော့ ...
နင်ပေးခဲ့တဲ့အချစ်က
မစစ်မှန်ခဲ့တာလား ...
နင်ရလိုက်တဲ့အချစ်က
မာယာများခဲ့တာလားဆိုတာ
အချိန်တွေက ...
အကောင်းဆုံးသက်သေပြနေပြီလေ
အချစ်တွေအတွက်
အလွမ်းတွေနဲ့ပေးဆပ်ခဲ့ပြီးပြီ
အဆိပ်ပါတဲ့အချစ်တွေကို
ဥပေက္ခာပြုသင့်နေပြီလေ
နင်ဘာ့ကြောင့်မလုပ်နိုင်သေးတာလဲ..?
နောက်ဆုံးတော့ငါသိလိုက်ပါပြီ
နင်က သိပ်ချစ်တတ်တယ်ဆိုတာကိုပေါ့ ... ... ။
*Moon
No comments :
Post a Comment