လွမ်းတိုင်းငိုမနေပါနဲ့
တခါတရံ အချစ်ဆိုတာ..
အဓိက မကျဘူး...
အချစ်ရှိရင် အရာရာတိုင်း..
ရင်ဆိုင်ရဲတယ်...
ဒါတွေက သီချင်းနဲ့ဇာတ်လမ်းမှာပဲ
ရှိတယ်ထင်ပါတယ်...
ဝမ်းနည်းခြင်း ပူဆွေးခြင်း..
တခါတရံ အချိန်ကုန်ဖို့ သက်သက်
ရောက်ရှိလာတဲ့ အဖျက်များသာ...
ငါမချစ်တတ်တာမဟုတ်ဘူး...
အချစ်ဆိုတဲ့အရာ မကိုးကွယ်တော့တာ...
မင်းအတွက် ခံစားမှုတွေရှိပါတယ်...
တကိုယ်ကောင်းဆန်ဆန်နဲ့..
မင်းအချစ်တွေမယူလိုရဲဘူး..
သတ္တိမရှိတာမဟုတ်ဘူး...
မင်းမျက်နှာငယ်မဲ့ဘဝထဲကို..
ငါဖိတ်မခေါ်ရဲတာပါ...
ငါကိုစိတ်နာတယ်ပဲထားလိုက်...
မနက်ဖြန်တိုင်းမှာ ငါလိုလူကို
မလွမ်းနဲ့...
ငါလိုကောင်နဲ့ မင်းရဲ့အလွမ်းနဲ့..
မထိုက်တန်လို့ပါ..
ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...
မထိုက်တန်လို့
>>>
ကိုလူပျို (ဗလုံ)
No comments :
Post a Comment