ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

စိတ်

...သို့

ငါတစ်ယောက်ထဲအရင်ထဲက
ဘာပဲလုပ်ရ နေသားကျခဲ့
ဘာကဘယ်လို ဘာဆိုဆိုပင်
ပင်ကိုယ်စိတ်ခံ လောကဓံကို
တန်ပြန်သက်ရောက် ငါမကြောက်ပြီ
ဘယ်လောက်နှိပ်စက်နိုင်မလဲ...
ကိုယ့်လမ်းကိုယ်ဖောက် ထိပ်ဆုံးရောက်အောင်
မကြောက်တရား လက်ကိုင်ထားလျှက်
အများနှင့်တစ်ယောက် ဒူးမထောက်ဘူး
စွမ်းလောက်နိုင်ရာ ငါ့ကမ္ဘာမှာ
ငါသာသည်ပင် ဖန်ဆင်းရှင်...
ဘ၀မုန်တိုင်းဘယ်မျှရိုင်းလဲ
နှိုင်းချင့်ပိုင်းဖြတ်အနေတတ်လျှင်
ကျေနပ်စရာချည်းတကား...။ ။

~~~မှန်တစ်ချပ်~~~

No comments :