အဖြည့်ခံ
~~~~~~~
သူကျွန်တော့်ကို
`အရမ်းလွမ်းတယ်´လို့ပြောတိုင်း
ကျွန်တော်ငိုချင်တယ်……
သူသာတကယ်လွမ်းတတ်ခဲ့မယ်ဆိုရင်
ဖုန်းလေးတခါလောက်ဖြစ်ဖြစ်
sms တိုလေးတကြောင်းလောက်ဖြစ်ဖြစ်
မဖြစ်မနေပို့ပေးပြီး
အရမ်းသတိရကြောင်းပြောပြမိမှာပါ……
သူကျွန်တော့်ကို
`စိုးရိမ်ပြီးစိတ်ပူတယ်´လို့ပြောတိုင်း
ကျွန်တော်ငိုချင်တယ်……
သူသာတကယ်စိတ်ပူတတ်ခဲ့မယ်ဆိုရင်
ကျွန်တော်နေမကောင်းဖြစ်တဲ့အခိုက်
ဖုန်းလေးတခါလောက်ဖြစ်ဖြစ်
sms တိုလေးတကြောင်းလောက်ဖြစ်ဖြစ်
မဖြစ်မနေပို့ပေးပြီး
ဆေးသောက်ပြီး ဆေးခန်းသွားဖို့
နှိုးဆော်နေမှာပါ……
သူကျွန်တော့်ကို
`အရမ်းချစ်တယ်´လို့ပြောတိုင်း
ကျွန်တော်ငိုချင်တယ်……
သူသာတကယ်ချစ်တတ်ခဲ့မယ်ဆိုရင်
ကျွန်တော့်ရဲ့ ကြင်နာယုယမှုတွေကို
ဥပက္ခာပြုထားမှာမဟုတ်ဘူး……
ကျွန်တော်စိုးရိမ် စိတ်ပူလို့
ဂရုတစိုက်နဲ့ ပြောတဲ့စကားတွေကို
သူမျက်နှာလွှဲခဲပစ် လုပ်ရက်မှာမဟုတ်ဘူး……
ချစ်သူရယ်……
နင်တကယ်မချစ်ဘူးဆိုတာသိရက်နဲ့
ငါ့ရဲ့တဖက်သတ်အချစ်တွေက
နင်မှနင်ဖြစ်နေတယ်……
နင်တကယ်ငါ့ကို
သတိမရဘူးဆိုတာသိရက်နဲ့
ငါ့အတွေးစိတ်ကူးတွေက
နင်မှနင်ဖြစ်နေတယ်……
နင်တကယ်ငါ့အတွက်
မသိတတ်ဘူးဆိုတာသိရက်နဲ့
နင့်အတွက်စိုးရိမ်သောကဖြစ်နေတယ်……
ငါ့ရဲ့ဝဋ်ကြွေးတွေက
အတွေးသံသရာမှာတောင်
အမှောင်ချရင်း
အလင်းမမြင်သေးတဲ့ငါ့အနာဂတ်ကို
နင့်မေတ္တာတချို့နဲ့လှော်ခတ်သွားပါရစေ……
လွှမ်းဝေအောင် (ရေနံချောင်း)
~~~~~~~
သူကျွန်တော့်ကို
`အရမ်းလွမ်းတယ်´လို့ပြောတိုင်း
ကျွန်တော်ငိုချင်တယ်……
သူသာတကယ်လွမ်းတတ်ခဲ့မယ်ဆိုရင်
ဖုန်းလေးတခါလောက်ဖြစ်ဖြစ်
sms တိုလေးတကြောင်းလောက်ဖြစ်ဖြစ်
မဖြစ်မနေပို့ပေးပြီး
အရမ်းသတိရကြောင်းပြောပြမိမှာပါ……
သူကျွန်တော့်ကို
`စိုးရိမ်ပြီးစိတ်ပူတယ်´လို့ပြောတိုင်း
ကျွန်တော်ငိုချင်တယ်……
သူသာတကယ်စိတ်ပူတတ်ခဲ့မယ်ဆိုရင်
ကျွန်တော်နေမကောင်းဖြစ်တဲ့အခိုက်
ဖုန်းလေးတခါလောက်ဖြစ်ဖြစ်
sms တိုလေးတကြောင်းလောက်ဖြစ်ဖြစ်
မဖြစ်မနေပို့ပေးပြီး
ဆေးသောက်ပြီး ဆေးခန်းသွားဖို့
နှိုးဆော်နေမှာပါ……
သူကျွန်တော့်ကို
`အရမ်းချစ်တယ်´လို့ပြောတိုင်း
ကျွန်တော်ငိုချင်တယ်……
သူသာတကယ်ချစ်တတ်ခဲ့မယ်ဆိုရင်
ကျွန်တော့်ရဲ့ ကြင်နာယုယမှုတွေကို
ဥပက္ခာပြုထားမှာမဟုတ်ဘူး……
ကျွန်တော်စိုးရိမ် စိတ်ပူလို့
ဂရုတစိုက်နဲ့ ပြောတဲ့စကားတွေကို
သူမျက်နှာလွှဲခဲပစ် လုပ်ရက်မှာမဟုတ်ဘူး……
ချစ်သူရယ်……
နင်တကယ်မချစ်ဘူးဆိုတာသိရက်နဲ့
ငါ့ရဲ့တဖက်သတ်အချစ်တွေက
နင်မှနင်ဖြစ်နေတယ်……
နင်တကယ်ငါ့ကို
သတိမရဘူးဆိုတာသိရက်နဲ့
ငါ့အတွေးစိတ်ကူးတွေက
နင်မှနင်ဖြစ်နေတယ်……
နင်တကယ်ငါ့အတွက်
မသိတတ်ဘူးဆိုတာသိရက်နဲ့
နင့်အတွက်စိုးရိမ်သောကဖြစ်နေတယ်……
ငါ့ရဲ့ဝဋ်ကြွေးတွေက
အတွေးသံသရာမှာတောင်
အမှောင်ချရင်း
အလင်းမမြင်သေးတဲ့ငါ့အနာဂတ်ကို
နင့်မေတ္တာတချို့နဲ့လှော်ခတ်သွားပါရစေ……
လွှမ်းဝေအောင် (ရေနံချောင်း)
No comments :
Post a Comment