ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

စကားလုံးထက်


သဝန်တိုတယ်ဆိုတဲ့ စကားလုံးထက်
ငါ နင့်ကို ဆုံးရှုံးလိုက်ရမှာ ကြောက်လို့ စိုးရိမ်
စိတ်တွေ ခံစားနေရတာပါ ချစ်သူ……

လွမ်းပါတယ်ဆိုတဲ့ စကားလုံးထက်
နင့်အကြောင်းလေးတွေ အချိန်တိုင်းတွေးနေ 
ရင်း ရင်နင့်အောင် သတိရနေမိတာပါ ချစ်သူ

စိတ်ချမယ်နော်ဆိုတဲ့ စကားလုံးထက်
နင့်အနားမှာရှိခွင့်ရတဲ့သူက ငါကလွဲပီးဘယ်သူ
ကိုမှ ရှိမနေစေချင်တာပါ ချစ်သူ……

ချစ်ပါတယ်ဆိုတဲ့ စကားလုံးထက်
ငါ့ အချစ်တွေအားလုံးကို နင့်တစ်ယောက်ထဲ
စီမှာ ပုံအပ်ပီး နင်က ငါ့ဘဝရဲ့ လက်တွဲဖော်
အဖြစ်ရှိနေပေးဖို့ မျှော်လင့်နေမိတာပါ ချစ်သူ…


♠ Khin Myo Aye ♠
(Poem)