မင်းမှ မချစ်နိုင်တာ
ငါက ဘာတတ်နိုင်မှာတုန်း..
အချစ်ဆိုတာ ဒမြတိုက်သလို တိုက်ယူလို့လဲ ရတာမဟုတ်ဘူးလေ
သူတောင်းစားလို မျက်နှာငယ်လေးနဲ့ တောင်းလို့လဲ
ရချင်မှ ရမှာ ..
ငါ ဘာတတ်နိုင်မှာတဲ့တုန်း..
ငါတတ်နိုင်တာ ...
မင်းကို ဆက်ချစ်နေရုံကလွဲပြီး တခြားမရှိဘူးလေ
ငါမချစ်ပဲမှ ရှင်သန်လို့ မရတော့တာ
မင်း ပြန်ချစ်ချစ် မချစ်ချစ်
သေတဲ့အထိ မင်းကို ချစ်သွားမှာပါ
ယုံချင်ယုံ မယုံချင်နေ
နောက်တစ်ယောက်ဆိုတာ မရှိတော့ဘူး