♥♥♥ ကောင်မလေးရယ်...♥♥♥
ကောင်မလေးရယ်...♥♥♥
ငါနင့်ကို သိပ်လွမ်းတယ်.... ကမ္ဘာမြေကြီး ကိုသက်သေထူ...နေမင်းကြီးကို တိုင်တည်ပြီးပြော ရဲပါတယ်.... တိုက်ဆိုင်မှု့တွေ တိုင်းထက်ငါ့ရဲ့နှလုံးခုန် သံစည်း ချက်တိုင်း နင်ကိုလွမ်းတယ်.....။
ကောင်မလေးရယ်...♥♥♥
ငါ့နင့်ကို သိပ်သတိရတယ်.... မိုးကောင်းကင်ကြိးကို သက်သေထူ... မိုးနတ်မင်းကြီးကို တိုင်တည်ပြိးပြောရဲ ပါတယ်.... .နေ့ရက်တွေတိုင်းထက် အချိန် တိုင်းနင့်ကို ပိုသတိရတယ်....။
ကောင်မလေးရယ်...♥♥♥
ငါ့နင့်ကို သိပ်တွေ့ချင်တယ်.... ပင် လယ်ပြင်ကြိး သက်သေထူ.....ရေနတ်မင်းကြီး တိုင်တည်ပြီးပြောရဲ ပါတယ်.... ငါ့စိတ်ကူးတိုင်းထက်ငါ့ဆန္ဒတွေက နင့် ကို ပိုတွေ့ ချင် တယ်.........။
ကောင်မလေးရယ်...♥♥♥
ငါနင့်နဲ့စကားတွေပြောချင်တယ်..... ဥာဥ့်သုံးယံကို သက်သေထူ... လမင်းကြီးကို တိုင်တည်ပြီးပြောရဲ ပါတယ်.... ငါပြောနိုင်တာတွေထက်နင်နဲ့အတူ စကားတွေပြော ချင်တယ်............။
ကောင်မလေးရယ်...♥♥♥
ငါနင့်ကိုသိပ်ချစ်တယ်....... ငါ့အချစ်တွေကို သက်သေထူ....... ဘုရားရှင်ကိုတိုင် တည်ပြီးပြောရဲပါတယ်....... ငါနှိုင်းယှဉ်နိုင်တာတွေထက် နှိုင်းယှဉ်လို့ မ ရအောင် နင့်ကို ပိုချစ်တယ်........။
ကောင်မလေးရယ်...♥♥♥
ငါနင့်အတွက် သိပ်ဝမ်းနည်းခဲ့ဖူးတယ်.... ငါမျက်ရည်တွေကို သက်သေထူ...ငါခန္ဒာကို တိုင်တည်ပြိးပြောရဲပါ တယ်... ငါနင့်ကိုချစ်သလို အချစ်တွေနဲံနင်အခြားသူတစ်ယောက်ကို ချစ်နေခဲ့လို့ပဲလေ.....။
ကောင်မလေးရယ်...♥♥♥
ငါ့နင့်ကို လွမ်းတာတွေ ၊သတိရတာတွေ၊ တွေ့ချင် တာတွေ၊စကားပြောချင် တာတွေ ၊သိပ်ချစ်တာတွေကို နင်ပြန် သိခဲ့ ရင် လှောင်ရယ်နေမှာလားဒါမှ မဟုတ် ကြည်နူးပျော်ရွှင်နေမှာ လား....? မဖြစ်နိုင်ဘူးဆိုတာကို သိသိရက်နဲ့စိတ်ကူးတွေ ယဉ်ပြီး အိမ်မက် ရှည်တွေ မက်ခဲ့တဲ့ ကိုယ့်ကိုယ့်ကိုဘဲ သနားရမှာလား..နင့် ကိုတွေ့ခွင့်ပေး ခဲ့တဲ့ ကံကြမ္မာ ကိုဘဲအပြစ်တင်ရမှာလား....? ဘာကိုမှ မဝေခွဲ တတ်တော့ဘူး ကောင်မလေးရယ်....။ ငါတို့နှစ်ယောက်တွေ့ ဆုံခဲ့တဲ့ အချိန်လေးကအရမ်းကိုတိုတောင်း လွန်းပါတယ်.... ဒီလို သာမွန်းကြပ် တတ်မှန်းသိခဲ့ရင် အစကတည်းက ငါအသက် ရှုတတ်အောင်မသင်ခဲ့ပါဘူး......။
ငါတို့တွေ ဝေးကွာခဲ့ ရအောင် အကြောင်းဖန် လာခဲ့ တဲ့ နေ့ရက်တွေ ကို ခဲဖျက်နဲ ပြန်ဖျက် လို့ရခဲ့မယ် ဆိုရင် ကျေးဇူးပြုပြီး ငါ့ကို ပြန်ဖျက်ခွင့်ပြု ပါနော်.။မဖြစ်နိုင်ဖူး ဆိုတဲ့ နောက်ကွယ် ဖြစ်နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက် အရောင်သဲ့သဲ့လေးတာရှိခဲ့ရင် ငါတို့တွေ ရဲ့ တွေ့ဆုံမှု့လေးကို အစကနေပြန်စ ချင်လိုက်တာ....။ငါက ဟောဒီမိုး သားကြီးအောက်မှာ တမိုးအောက် တယောက်ဘဲ ချစ်ခဲ့မိ လို့ပါ ကောင်မလေးရယ်......။
♣ ငဖြိုး ♣
No comments :
Post a Comment