ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

အဖြူရောင်ရဲ့ပူလောင်ခြင်း

အဖြူရောင်ရဲ့ပူလောင်ခြင်း

သူငယ်ချင်းတဲ့.....
ရင်းနှီးမှုနဲ့အစပြုလို့
သံယောဇဉ်တွယ်ရစ်နှောင်ရင်း
မလှုပ်သာတဲ့အဆုံး
ငါ...ရုန်းမရတော့ပါလာ...
အဖြူရောင်တဲ့.....
ပူလောင်တယ်လို့ပြောရင်
       ငါ့ကို.....
အူကြောင်ကြောင်လို့
    ထင်ကြမလား
ခင်မင်ရာလက်တွဲတာ
သံယောဇဉ်ကြောင့်ခိုင်မြဲလာတဲ့
  ငါ့ရဲ့အချစ်
ရင်တွင်းဖြစ်စစ်စစ်ကို
အဖြူရောင်စည်းတစ်ဖက်က
မင်းနဲ့နီးစစ်ရာရောက်အောင်
ငါ့ကိုဘယ်လိုဆောင်ကြဉ်မှာလဲ
မင်းပဲရှင်းပြခဲ့ပါတော့
အဖြူရောင်သူငယ်ချင်းရယ်....

No comments :