ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

သက်ဆိုင်သူ.....သူကိုပြောချင်တာလေးပါ


မနက်နိုးထဖို့ အားယူပြီး မျက်လုံးဖွင့် ကြည့်လိုက်တိုင်း သူမျက်နှာလေး မြင်လိုက်ရမှ စိတ်ထဲကကျေနပ်တာ။ တစ်နေ့လုံး သူကကိုယ့်နဲ့အတူရှိမနေပေမယ့်....သူရဲ့ကိုယ်ပွားလေး အနားမှာရှိနေရင် အလုပ်လုပ်ရတာ စိတ်ပျော်တယ်.။အွန်းလိုင်းတက်တိုင်လည်း....မင်းရဲ့အကောက့်လေး စိမ်းနေတာလေပဲ မြင်ချင်မိတယ်။ အရာအားလုံးကို ပိုင်ဆိုင်ဖို့အထိ ကိုယ်လောဘ မကြီးပါဘူး။မင်းလေးနဲ့အတူတူ ဘဝခရီးကို နှစ်ယောက်ရင်ဆိုင်ဖြတ်သန်းချင်တာပါ။ဒီစကားလုံးတွေ ပြောနေပေမဲ့အရာမရောက်ပဲ ပြောနေတဲ့ သူသာမောနေမယ် ဆိုတာသိပါတယ်။ကိုယ့်ရင်ထဲက စကားတွေ သက်ဆိုင်သူရဲ့ ရင်ဘက်ထဲရောက်အောင် စွမ်းဆောင်နိုင်မူ ကိုယ့်မှာမရှိပါဘူး...။မင်းရဲ့ မာကျောလှတဲ့ နှလုံးသားကို စီးချင်းထိုးဖို့ ကိုယ်နှလုံးသားက ကောင်းမွန်တဲ့အတွေ့အကြုံတွေ ပိုင်ဆိုင်မထားပါဘူး။ ကိုယ့်မှာက ယောကျာင်္းတစ်ယောက်ရဲ့ ရှိနေတဲ့ ဇွဲ ဆိုတဲ့အရာနဲ့....မင်ရဲ့ ဥပေက္ခာပြုမူတွေကို ခံနိုင်ရည်းရှိအောင် ကြိုးစားရင်နဲ့ ကိုယ့်ဘဝ ပရုပ်လုံးလေးလို့ လုံပါးပါးနေပါပြီး။

            သက်ဆိုင်သူ......
                                         .........
                                                     သူသိပါစေ......။

No comments :