·
အချစ်ဆိုတာ
အစကတော့
မျက်နှာချင်းဆိုင်
အသဲယိုင်နဲ့
ကြောက်ရွံခြင်းလား ...
အချစ်ဆိုတာ
အလယ်ကတော့
ရင်ထဲဖွင့်ဟ
အသဲစကားက
မြိုသိပ်ခြင်းလား ...
အချစ်ဆိုတာ
အဆုံးကတော့
အများနှင့်ဆိုင်
ကိုယ်သာပိုင်ဖို့
ရရန်ကြိုးစားခြင်းလား ...
အချစ်ဆိုတာ
အစ၊လယ်၊ဆုံး
အမုန်းမရှိ
မပြောရဲလို့
ကြောက်ရွံ့မြိုသိပ်
ပိုင်ဆိုင်စိတ်က
တိတ်တိတ်ကလေးချစ်နေခြင်းလား....
No comments :
Post a Comment