ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

ချစ်သူ ဖတ်ဖို့ကဗျာ

( ချစ်သူ ) ဖတ်ဖို့ ရေးတဲ့ကဗျာ

ဖြူစင်နက်ရှိုင်းမှုနဲ့
ကြည်စင်လေးနက်ခြင်းတွေပေါင်းတဲ့ကြိုး
မရိုးတဲ့ သံယောဇဉ်တွေဖြည့်စွက် ...
ငါ့ အချစ်တွေ ..နက်သထက်နက်တယ်

အချစ်ရယ်
နားလည်ခြင်းရဲ့ တစ်ဖက်စွန်းမှာ
ဘာတွေများ ချိတ်ဆွဲထားမလဲ
မြတ်နိုးခြင်းလား
တွယ်တာခြင်းလား
စွဲမက်ခြင်းလား
ငါ ..ရောက်အောင်တော့သွားမယ်
နင့်ကို တွေ့တဲ့အထိ ။

မတိတ်သောမိုးသံတွေကြားမှာ
နင့်အကြောင်းခေါင်းစဉ်ပေါင်းများစွာ
ငါ့ အနာဂါတ်ကိုခြယ်သ
ဘ၀ ဆိုတာ ... နင်ရှိမှပြည့်စုံမှာ ။

ညဟာ .. ရီဝေရွှမ်းမြတဲ့ ကြယ်ကလေးတွေနဲ့
ချစ်သူရဲ့ မျက်နှာထက် ဖြာစင်လင်းကျ
လှ .. လိုက် .. တာ

အရာအားလုံးဖန်တီးနိုင်သလို
အရာအားလုံးဖျက်ဆီးနိုင်ရဲ့
ပန်းတွေကို ပွင့်စေနိုင်သလို
စမ်းတွေကိုလည်း ခမ်းခြောက်စေနိုင်ရဲ့

ငါ .. နင့်ကိုချစ်တယ်
လေးနက် ဖြူစင်မှုနဲ့
ငါ...နင့်ကိုချစ်တယ်
စုံမက်တွယ်တာခြင်းနဲ့
ငါ.. နင့်ကိုချစ်တယ်
ကြည်စင်အေးမြမှုနဲ့
ငါ ..နင့်ကိုချစ်တယ်
နင် သိစေကွယ်

သက်တန့်ချို

No comments :