ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

အချစ်​ဆိုတာ

အချစ်​ဆိုတာ
တစ်​ခါတစ်​ရံမှာ သိမ်းဆည်း
ရင်​ထဲမှာ ပုလဲဖြစ်​​စေ....
အချစ်​ဆိုတာ
တစ်​ခါတစ်​ရံမှာ လျှို့ဝှက်
အိမ်​မက်​မှာ အနမ်းဖြစ်​​စေ....
အချစ်​ဆိုတာ
ပိုင်​ဆိုင်​ခြင်းလည်း မဟုတ်
ဆုံးရှုံးခြင်းလည်း မဟုတ်
နှလုံးသားကြုတ်​ထဲက
အတုလုပ်​လို့ မရတဲ့....​ရွှေ ။

ချစ်​သူ​ရေ....အလွယ်​တကူ ဝယ်​ယူခဲ့တဲ့ ပန်​​တွေကြားမှာ ​ပျော်​ရွှင်​​ကျေနပ်​​နေတဲ့ မင်းဟာ ဂရုတစိုက်​ ကိုယ်​တိုင်​စိုက်​ပျိုး ယုယခဲ့ရတဲ့ ပန်းက​လေး​တွေရဲ့ အလှကို​တော့ မမြင်​နိုင်​ရှာ​တော့ဘူး​ပေါ့။ ကိုယ့်​ကို ပြန်​ပြီး မချစ်​​တော့ရင်​ ရက်​စက်​လိုက်​တာလို့​ပြောရမှာလား။ဒီစကားလုံးကို​တော့ ​ပြောထွက်​မယ်​မထင်​ ကိုယ့်​က အချစ်​ကို ကိုးကွယ်​ နှလုံးသားကို​ ​ဆေးစိမ်​ပြီး ဂန္တဝင်​ပြတိုက်​ထဲမှာ ထားချင်​သူပါ။ 

No comments :