ချိန်ခွင်ပေါင်က လျှာ
ကလိမ်ဆင် နှောင်ဖွဲ့မပါ
အသာအနာ ဆုံဖြတ်
သမာသမတ်။
အကြိမ်ကြိမ် အထပ်ထပ်
နှလုံးသားထဲက သုံးသပ်
ဘယ်လိုဆုံးဖြတ် ထားပေမဲ့
စကားအလင်္ကာ ချောစေဖို့ 
မုသားဆင်ကာ ပြောတဲ့အခါ
ပါးစပ်ထဲက လျှာ
အလိမ်အညာ တတ်။
မောင်ယဉ်ကျေး(မုံရွာ)
No comments :
Post a Comment