ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

ခံစားချက်‌

ကောင်မလေးတစ်ယောက်က ပြောတယ်
“ယောက်ျားဆိုတာ ကြက်သွန်နီနဲ့တူတယ်”တဲ့။
သူ့အကြောင်းသိချင်လို့
ကြက်သွန်နီလို တစ်ထပ်ချင်းခွာလေ မျက်ရည်ကျရလေ
နောက်ဆုံး အကုန်ခွာပြီးသွားလည်း
အလည်အူတိုင် (နှလုံးသား)ကို မတွေ့ရဘူးတဲ့……

ကျွန်တော်က ပြောတယ်

“တကယ်တော့.. တစ်ထပ်ချင်း သင်ခွာနေတဲ့အရာက သူ့နှလုံးသားပါ။
စစကတည်းက သင့်ကို သူ့နှလုံးသား ပေးထားပြီးသား
ဒါကို သင်မယုံခဲ့လို့
နှလုံးသားတစ်ခု တွေ့နိုးတွေ့နိုးနဲ့ သင်တစ်ထပ်ချင်း ခွာနေခဲ့တာပါ”လို့….‌ပြောပါရ‌စေ။

No comments :